အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
ခုန်းယန်ရဲ့ လီရှုံဓားနဲ့ ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ… ခန်းနန်ဟွာဟာ သူ့ရဲ့ လက်ဝါးနှစ်ဘက်ကို စုစည်း လိုက်ကာ… ဂင်္ဂါသဲနှုန်းနဲ့ မဟာ ကစဉ့်ကလျား အကြွင်းမဲ့ရေတို့ကို လည်ပတ်လိုက်ပါတယ်။
ဂင်္ဂါသဲမှုန် တစ်ပွင့်နဲ့ မဟာ ကစဉ့်ကလျား အကြွင်းမဲ့ရေ တစ်စက်တို့ဟာ ပူးပေါင်းသွားကြပါတယ်။ သူတို့နှစ်ခုက ပူးပေါင်းသွားလို့ အပြီးမှာ… မကြာခင်မှာပဲ နောက်ထပ် သဲမှုန်တို့နဲ့ ရေစက်ပေါင်း မြောက်မြားစွာတို့ဟာ ပေါင်းစည်းသွားခဲ့ပြီး… ခန်းနန်ဟွာရဲ့ အရှေ့မှာ ဒိုင်းတစ်ခုအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ်။
ဒီဒိုင်းဟာ ပြည့်စုံစွာနဲ့ ဝိုင်းစက်နေခဲ့ပါတယ်။ သူ့ရဲ့အပေါ်မှာ ရေစီးကြောင်းတွေဟာ ကွေ့ကောက်စွာနဲ့… တကယ့်မြစ်အတိုင်း စီးဆင်းနေခဲ့တာပါ။ ရေစီးကြောင်းတွေ တစ်ခုနဲ့တစ်ခုဟာ သွယ်ယှက်နေခဲ့ပြီး… မြစ်ရေဟာ ဘယ်က စီးဆင်းလာနဲ့သလဲ ဆိုတာနဲ့… ဘယ်ကို စီးဆင်းသွားမလဲ ဆိုတာကို မှန်းဆလို့ မရနိုင်ခဲ့ပါဘူး။
ဒါကတော့ ခန်းနန်ဟွာက သူ့ရဲ့ အဆုံးမဲ့ ဂင်္ဂါသဲဒိုင်းကို… မဟာ ကစဉ့်ကလျား အကြွင်းမဲ့ရေနဲ့ ပူးပေါင်းခဲ့ကာ… ကျောက်ဆောင်လိုမျိုး ခိုင်မာတဲ့ ဂင်္ဂါ၏ မဟာ ကစဉ့်ကလျားဒိုင်း အဖြစ်ကို ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။
ခန်းနန်ဟွာရဲ့ ဂင်္ဂါ၏ မဟာ ကစဉ့်ကလျားဒိုင်းကို ကြည့်လိုက်ပြီး… လင်းဖုန်းဟာ ခန်းနန်ဟွာအတွက် စိုးရိမ်ပူပန်မှုတွေ မရှိတော့ပါဘူး။
ခန်းနန်ဟွာရဲ့ မူလက အဆုံးမဲ့ ဂင်္ဂါသဲဒိုင်းရဲ့ အထူးဝိသေသဟာ… သူက ရန်သူရဲ့ တိုက်ခိုက်မှုကနေ ကွဲပျက်သွားပေမဲ့လည်း လျှင်မြန်စွာနဲ့ ပြန်လည်ဖွဲ့စည်းပြီး… ရန်သူရဲ့ တိုက်ခိုက်မှုကို ဆက်လက် ခုခံနိုင်တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူကို ကျိုးပျက်နိုင်အောင် လုပ်နိုင်တာက သူ့ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဂင်္ဂါသဲနှုန်းနဲ့သာ ဖွဲ့စည်းထားတဲ့ ခံစစ်ဟာ… လုံလောက်အောင် ကြံ့ခိုင်အားကောင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...