အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း

413 60 0
                                    

အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း

ကျူးကော်ဖန်းလင်သည် လင်းဖုန်းအား စိုက်ကြည့်နေရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "ငါက ဒီလူဘယ်လောက်အထိ သန်မာလည်း ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ သူ့ကို ထွင်းဖောက်ပြီး မမြင်နိုင်ဘူးဆိုတော့၊ သူက တစ်ခုခုပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ ငါတို့ကိုယ့်ကိုယ် ကိုယ်ကွယ်နိုင်မယ့် လူတော့မဟုတ်ဘူး"

"ဒါပေမဲ့လည်း ဒါက တခြားလူတွေလည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ တခြားသူတွေက မလုပ်နိုင်လည်း ကိစ္စမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနွားကြီးတွေ သေကုန်ရင်လည်း၊ ငါက ကြားထဲကနေ ဝင်ပြီးမှ ရတနာတွေကို အလစ်သုတ်လို့ ရတာပဲ"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးသည် မြေခွေးကဲ့သို့ ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။ "ပြီးတော့ ငါက ဒီလူဟာ ဟိုနွားအကြီးတွေကို ယှဉ်နိုင်မယ်လို့ မထင်ဘူး။ သူတို့တွေ အထဲမှာ မိစ္ဆာသခင် အဆင့်က နွားတွေပါတာပဲ"

ကြောက်နေပုံရသည် ကြွက်ကလေးက ပြောလိုက်သည်။ "ဖန်းလင်၊ ဒီလူနဲ့ သွားရှုပ်တာက မကောင်းဘူးလို့ ငါထင်နေတယ်။ သူ့ဆီကနေ မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်"

"တကယ်လား?" ကျူးကော်ဖန်းလင်သည် ထိုစကားကြောင့် အနည်းငယ် တွေဝေသွား၏။ ရွှေရှာကြွက်လေးသည် သူ၏ စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် ဖြစ်သလို၊ သူမ၏ အပေါင်းအဖော်လည်း ဖြစ်၏။ သူ့တွင် ရွှေကြွက်တို့၏ မွေးရာပါ အန္တရာယ်ကို အာရုံခံနိုင်သော ပါရမီလည်း ရှိ၏။

ရွှေရှာကြွက်လေးသည် သူ၏လက်သည်းကို မြှောက်လိုက်ကာ၊ သူ၏ ခေါင်းသေးသေးလေးကို ကုတ်လိုက်ရင်း ပြောလိုက်သည်။ "ခံစားချက်တွေက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတော့၊ ငါကလည်း သေချာမပြောတတ်ဘူး။ ဒါပေမဲ့ သိပ်တော့မပြင်းထန်ဘူး။ ဒါပေမဲ့ ဒါကြောင့်ပဲ ငါက ပိုကြောက်နေမိတယ်။ ပုံမှန်ဆိုရင် စိတ်ချရတဲ့ ငါ့ရဲ့ မွေးရာပါ ပါရမီက ရုတ်တရက် အားနည်းသွားခဲ့တယ်"

"ပိုပြီးတော့ ထူးဆန်းလေလေ၊ ဒီလူကို ငါက ပိုစိုးရိမ်လေလေပဲ။ သူက ငါ့ရဲ့ အန္တရာယ်ကို အာရုံခံနိုင်တဲ့ စွမ်းရည်ကိုပါ လှည့်စားနိုင်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now