အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...

380 71 4
                                    

အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ…

အမှန်အတိုင်း ပြောရရင် လင်းဖုန်းဟာ ဆောင်းဦးရွက်ကြွေ မင်းသားကို ချန်ချွန်းတောင်ထိပ်ပေါ်ကို ရောက်လာကတည်းက အာရုံမစိုက်နေတာပါ။ သူက တောင်ချွန်းပေါ်က မြူခိုးတိမ်တိုက်တွေထဲက ဆေးဝါးတစ်ရာ ဂရန်းမာစတာနဲ့ ဂန်ဂျင်ကျားဘုရင်တို့ရဲ့ အကြားက တိုက်ပွဲကိုသာ စိတ်ဝင်စားနေခဲ့တာလေ။

လင်းဖုန်းရဲ့ ဂရုမစိုက်တဲ့ အပြုအမူဟာ ဟုန်ရဲ့ကို ပိုပြီးမှ စိတ်တိုစေခဲ့ပါတယ်။ အရင်ကသူ့ကို ဘယ်သူမှ အခုလိုမျိုး ဘာမှမဟုတ်သလို မဆက်ဆံခဲ့ဖူးပါဘူး။

ရှောင်မန်လို့ခေါ်တဲ့ ခပ်ဟော့ဟော့ ကောင်မလေးက လင်းဖုန်းကို သေချာစွာ ကြည့်လိုက်ပြီး… ဟုန်ရဲ့ဆီကို ပြန်လှည့်လိုက်ကာ… "ယော်ကျား… သူက ယော်ကျားက ကျွန်မတို့ရဲ့ ယာဉ်မောင်းခန့်ဖို့ ခေါ်တဲ့သူရော ဟုတ်ရဲ့လား?!"

သူမက ဒီစကားကို ပြောလိုက်တာနဲ့… ဆေးဝါးတစ်ရာဂိုဏ်းက ကျင့်ကြံသူပဲ ဖြစ်ဖြစ်.. ဂန်ဂျင်ကျား မျိုးနွယ်စုက ကျားမိစ္ဆာပဲ ဖြစ်ဖြစ်… အားလုံးဟာ ဟုန်ရဲ့ဆီကို စိုက်ကြည့်နေကြပါပြီ။

အားလုံးက ဟုန်ရဲ့ကို စိုက်ကြည့်နေကြတော့ ကွင်းပြင်တစ်ခုလုံးဟာ တိတ်ဆိတ်သွားခဲ့ပါတယ်။

သူက တကယ်ပဲ လင်းဖုန်းကို သူ့ရဲ့ စစ်ရထား ဒရိုင်ဘာ ခန့်ချင်နေခဲ့တာလား?

ခဏအကြာမှာပဲ ကျားမိစ္ဆာတွေ အပါအဝင် အားလုံးတို့ဟာ ဝါးလုံးကွဲ ရယ်မောလိုက်ကြပါပြီ။

တစ်စုံတစ်ယောက်က ဘာတစ်ခုကိုမှ မပြောခဲ့ပဲ မရပ်မနား ရယ်မောနေကြပြီး… တချို့ဆိုရင် အသက်ရှူတောင် ရပ်သွားခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ဘာတစ်ခွန်းမှ မပြောကြပေမဲ့… အားလုံးဟာ သူတို့က ဘာဖြစ်လို့ ရယ်သလည်း ဆိုတာကို သိနေကြတာပါ။

ဒီအချိန်မှာတော့ ရှက်လည်းရှက်.. ဒေါသလည်း ထွက်နေခဲ့တဲ့ ဟုန်ရဲ့ဟာ သေချာကျက်အောင် ချက်ထားတဲ့ ပုစွန်တုတ်ကြီး တစ်ကောင်နဲ့ တူနေခဲ့ပါတယ်။

"မင်းတို့.. မင်းတို့က ငါ့ကို ဒီလိုမျိုး လှောင်ပြောင်ရဲတာလား?!" ဟုန်ရဲ့ဟာ ပေါက်ကွဲလာခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကနေ အစိမ်းရောင် အလင်းတန်း တစ်ခုဟာ လက်ကနဲ ဖြစ်သွားခဲ့ကာ… သူ့ရဲ့ အထဲကနေပြီး သေးငယ်တဲ့ အစိမ်းရောင် ဆေးမီးဖိုလေးဟာ ထွက်ပေါ်လာခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now