အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်

431 64 0
                                    

အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်

ဝတ်ရုံနီ လူငယ်ကို တံတောင် တစ်ချက်တည်းနဲ့  ဖျက်ဆီးလိုက်ခြင်းဟာ… ပေါ့ပေါ့သေးသေးတော့ မဟုတ်ပေမဲ့… ယွဲ့ဟုန်ယန်ကတော့ ဘာမှမဟုတ်သလိုပါပဲ။ သူ့ကို သတ်လိုက်ပြီးနောက်မှာ… ယွဲ့ဟုန်ယန်ရဲ့ လူသတ်လိုစိတ်တွေဟာ သိသိသာသာကြီးကို လျော့ကျသွားခဲ့ပြီး… သူမရဲ့ ဓားသွားလိုမျိုး မျက်ခုံးတွေကလည်း နူးညံ့သွားခဲ့ကာ… နောက်တစ်ခါ ငြိမ်းချမ်းမှုကို ပြန်ရသွားခဲ့ပါပြီ။

ဒီအချိန်မှာပဲ ကြက်သွေးရောင် မြူခိုးဂိုဏ်းက ကျန်နေတဲ့ လူတွေဟာ သတိပြန်ဝင်လာကြပြီး… အရှေ့ကို တက်လာကြကာ ကျိန်ဆဲနေခဲ့ကြပါတယ်။

ယွဲ့ဟုန်ယန်ရဲ့ မျက်လုံးတွေဟာ ပြန်ပြီးမှ တောက်ပလာခဲ့ပြီး… သူမရဲ့ ညာလက်ကို ဝေ့ယမ်းလိုက်ရာ မည်းနက်နေတဲ့ ပုဆိန်သွားနဲ့ လှံတံရှည်ကြီးဟာ သူမရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါပြီ။

အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်က ကျင့်ကြံသူ နှစ်ယောက်က ဦးဆောင်တဲ့… ကျင့်ကြံသူပေါင်း ၁၀ယောက်ကျော်ရှိတဲ့ အုပ်စုကို ရင်ဆိုင်ရတာကို… ယွဲ့ဟုန်ယန်က ဂရုသိပ်ပြီးမှ စိုက်မနေခဲ့ပါဘူး။ ပုဆိန်ဓားသွားနဲ့ လှံတံရှည်ဟာ လင်းလက်လာခဲ့ပြီး… သူ့အပေါ်မှာ ပူလောင်တဲ့ အနက်ရောင် အော်ရာတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

သူမဟာ အနောက်ကို ဆုတ်မသွားခဲ့ပဲ… သူမရဲ့ လှံတံရှည်ကို ဝေ့ယမ်းလိုက်ကာ ကြက်သွေးရောင် မြူခိုးဂိုဏ်းက ကျင့်ကြံသူတွေ ရှိရာဆီကို တိုက်ခိုက်လိုက်ပါပြီ။

"ဟာ… သတ္တိကောင်းလှချည်လား!" ကြက်သွေးရောင် မြူခိုးဂိုဏ်းမှ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်က ကျင့်ကြံသူ တစ်ယောက်ဟာ အော်လိုက်ပြီး… အနီရောင် အလင်းတန်းတွေနဲ့ လင်းလက်နေကာ အဆစ်ကိုးဆစ်ပါတဲ့ အနီရောင် ဝါးကြာပွတ်ကို လေပေါ်မှာ ဝေ့ယမ်းလိုက်ပါတယ်။

ခဏအကြာမှာပဲ… ဒီဝါးကြာပွတ်ရဲ့ အထဲကနေ တောက်လောင်နေတဲ့ မီးစကိုးစဟာ ထွက်ပေါ်လာခဲ့ပြီး… ယွဲ့ဟုန်ယန်ရဲ့ မျက်နှာဆီကို ပစ်လွှတ်လာခဲ့တာပါ။ ဒါတွေကတော့ မြင့်မြတ်တဲ့ လီဟော်ကျည်ဆန်တွေပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now