အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်

446 52 0
                                    

အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်

ဇူရီက ရှောင်ပုတန်လေးအား မှော်စွမ်းအင်ဖြင့် အသံလွှင့်၍ မေးလိုက်သည်။ "မင်းက သူမနားကပ်ပြီး၊ ဘာမဟုတ်တာတွေ ကြံနေပြန်ပြီလဲ?"

ရှောင်ပုတန်လေးက ပြန်ဖြေလိုက်သည်။ "သူမက ကျွန်တော့်ကို စိတ်ဝိညာဉ် လျှပ်စီးသစ်သီး တချို့ကို ကျွေးထားတယ်ဗျ။ အရသာ တော်တော်ကောင်းတယ်။ ကျွန်တော်က သူမဆီက နည်းနည်း ထပ်စားချင်သေးတယ်"

ဇူရီက မေးလိုက်သည်။ "မင်းက ဘယ်အချိန်ကစပြီး၊ သတ်သတ်လွတ်သမား တစ်ယောက် ဖြစ်သွားတာလဲ?"

ရှောင်ပုတန်လေးက ပြန်ဖြေလိုက်၏။ "စားလို့ကောင်းတာ မှန်သမျှ၊ ကျွန်တော်က အကုန်စားတာပဲ။ အခုတလောမှာ အသားစားတာတွေ အတော်များနေပြီ။ အသီးပြောင်းစားတာက အစာချေစနစ်ကို သန့်ရှင်းဖို့ အထောက်အကူ ပြုတယ်ဗျ"

"စားဖို့သောက်ဖို့က လွဲလို့၊ မင်းက ဘာတွေများ လုပ်ဖို့ ရှိသေးလဲ?" ဇူရီက မညှာမတာ မေးလိုက်သည်။

ရှောင်ပုတန်လေးက နှုတ်ခမ်းစူလိုက်သည်။ "ကျွန်တော်က အသက်နည်းနည်း ကြီးလာရင်၊ တခြားလုပ်စရာတွေ ရှိလာမှာပေါ့"

"မင်းက အတော်အပျင်းထူတဲ့ ကောင်စုတ်လေးပဲ" ဇူရီက မှတ်ချက်ချလိုက်သည်။ "ပြီးတော့၊ မင်းက သူမရဲ့ စိတ်ဝိညာဉ် လျှပ်စီး သစ်သီးတွေကို ကြိုက်တယ်ဆိုရင်၊ သူမနဲ့ အလှဲအလှယ်လုပ်လို့ ရတာပဲ။ ဘာဖြစ်လို့ ဒီလောက်အထိ ဒုက္ခခံစရာ လိုလို့လဲ?"

ရှောင်ပုတန်လေးက မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း၊ "ဟုတ်သားပဲ၊ ကျွန်တော်က မေ့သွားတယ်"

သူသည် လီကွေရင်ထံသို့ ကြည့်လိုက်ကာ၊ ရယ်ပြီးပြောလိုက်သည်။ "အစ်မကြီးလီ၊ ကျွန်တော်က အစ်မနဲ့ စိတ်ဝိညာဉ် လျှပ်စီးသစ်သီး တချို့ကို အလှဲအလှယ်လုပ်ချင်တယ်၊ အဆင်ပြေမလား? ကျွန်တော့်ရဲ့ မှော်အိုင်တမ်တွေနဲ့ အလှဲအလှယ်လုပ်လို့ရတယ်ဗျ"

လီကွေရင်က ရယ်လိုက်သည်။ "မင်းက ဘာနဲ့မှ အလှဲအလှယ် လုပ်စရာ မလိုပါဘူး။ ဒီစိတ်ဝိညာဉ် လျှပ်စီးသစ်သီးက ဘာတန်ဖိုးမှ သိပ်ရှိလှတာ မဟုတ်ပါဘူး။ မင်းလေးကြိုက်တယ်ဆိုရင်၊ မင်းကြိုက်သလောက် ယူလို့ရတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now