အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?

399 51 0
                                    

အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?

ဆေးဝါးတစ်ရာ ဂိုဏ်းဟာ သူတို့ရဲ့ မှော်စွမ်းအင်တွေ.. တာအို နည်းစနစ်တွေနဲ့ ကျော်ကြားတာ မဟုတ်ပဲ… ချန်ချွန်းတောင်ရဲ့ အကာအကွယ် မှော်ကျိန်စာ ဝင်္ကပါကလည်း… ဒဏ်ရာရဖို့အတွက် လုံလောက်တဲ့ ပြင်းထန်မှုမျိုး မရှိပါဘူး။
ဒါပေမဲ့လည်း… ဒီတောင်ရဲ့ အကာအကွယ် မှော်ကျိန်စာ ဝင်္ကပါဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာက ဦးစီးပြီးမှ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ အနှစ်သာရတို့နဲ့ ပေါင်းစပ်ပြီးမှ ခိုင်ခံအောင် ပြုလုပ်ထားခဲ့တာပါ။ သူဟာ သာမန် ကျင့်ကြံသူတွေက ဘယ်လောက်ပဲ အရေအတွက် များများနဲ့ ထိုးဖောက်ခဲ့ရင်တောင်မှပဲ… ထွင်းဖောက်ဝင်ရောက် နိုင်မှာတော့ မဟုတ်ပါဘူး။

တကယ်လို့များ သူတို့ဟာ ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါလိုမျိုး… စစ်ဝင်္ကပါ တစ်ခုပုံစံကို ဖော်ဆောင်နိုင်ပြီး သူတို့အားလုံးရဲ့ မှော်စွမ်းအင်တွေကို တစ်ခုတည်း အပေါ်မှာ စူးစိုက်ပြီး မထိုးဖောက်နိုင်ခဲ့ရင်ပေါ့။

ဒါပေမဲ့လည်း… အရေအတွက် များပြားမှုဟာ အရည်အချင်း ပြောင်းလဲမှုကို အနည်းငယ်တော့ သက်ရောက်မှု ရှိနေနိုင်တာပါ။ ဓာတ်တစ်မျိုးရဲ့ အရေအတွက်ဟာ ဆထက်တပိုး တိုးတက်လာခဲ့ရင်တော့… ဒီပြောင်းလဲမှုရဲ့ နောက်ကွယ်က အကျိုးသက်ရောက်မှုဟာ အချိုးကျ လိုက်ပြောင်းလာမှာ မဟုတ်ပဲ… ရလဒ်တွေကိုလည်း ယုတ္တိဗေဒအရ တွက်ချက်နိုင်မှာ မဟုတ်ဘူးလေ။

အခုက ကျားမိစ္ဆာတွေ ထောင်နဲ့ချီပြီးမှ… သူတို့ရဲ့ ကိုယ်ခန္ဓာထဲမှာ သိမ်းဆည်းထားတဲ့ မသေဝိညာဉ်တွေ အားလုံးကို ထုတ်လွှတ်လိုက်တော့… မသေဝိညာဉ်ပေါင်းဟာ သောင်းနဲ့ချီပြီးမှ ရှိနေခဲ့တာပါ။ သူတို့အများစုဟာ အခြေခံအုတ်မြစ် အဆင့်မှာ ရှိနေကြပြီး… အချို့ဆိုရင် ရွှေရောင်ဗဟိုချက် အဆင့်ကိုတောင် ရောက်နေကြပါတယ်။

မသေဝိညာဉ်တွေ အုပ်စုလိုက်ဟာ… သူတို့ရဲ့ သွေးဆာနေတဲ့ စိတ်ဆန္ဒတွေနဲ့ အမှောင်လှိုင်းလုံး တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး… ချန်ချွန်းတောင်ရဲ့ အကာအကွယ် မှော်ကျိန်စာ ဝင်္ကပါဆီကို ချီတက်သွားကြပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now