အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု

421 58 0
                                    

အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု

လျှို့ဝှက်သေတ္တာလေးကို ရရှိခဲ့ပြီး… တစ်မျိုးဝယ် သုံးမျိုးရတဲ့ အထူးဆုကို ရရှိခဲ့ကာ သူ့ရဲ့အထဲကနေ ကောင်းမွန်တဲ့ ဆုနှစ်မျိုးကို ရရှိပြီးခဲ့ပေမဲ့… လင်းဖုန်းက သူ့ရဲ့ နှလုံးသားလေးဟာ လည်ချောင်းထဲမှာ ခံနေသလိုမျိုး ခံစားနေရဆဲပါပဲ။

သူက ဂိုဏ်းတည်ထောင်တဲ့ ပစ္စည်းတွေကို လိုချင်နေခဲ့ပေမဲ့… အခုအထိ မရရှိသေးပါဘူး။

လင်းဖုန်းဟာ အလင်းရောင်တွေ မှေးမှိန်သွားခဲ့ပြီး… အစစ်အမှန် ရုပ်ပုံကို ဖော်ပြလိုက်ပြီဖြစ်တဲ့ နောက်ဆုံး အလင်းတန်း စက်လုံးလေးကို သေချာစွာနဲ့ စူးစိုက်ကြည့်နေခဲ့ပါတယ်။

"ဟာ?" လင်းဖုန်းက သူ့ရဲ့ မျက်လုံးအစုံကို ပွတ်သပ်လိုက်ပြီး… သူမြင်လိုက်ရတဲ့ အရာကို မယုံနိုင်ခဲ့ပါဘူး… "ဒီကနေ့က ဘာနေ့များလည်း?"

"ငါက အခုတလောမှာ လမ်းမကူးနိုင်တဲ့ အဖွားအိုကို လမ်းကူးနိုင်အောင် ကူညီပေးခဲ့တယ်လို့လည်း မမှတ်မိနေပါဘူး…" လင်းဖုန်းက အနည်းငယ် တုန်ခါနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ အားလုံးဟာ တစ်ယောက်ရဲ့ ကိုယ်ကျင့်စရိုက်ဟာ ထာဝရ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့မှာ သူ့ရဲ့ ကြီးမားလှတဲ့ ကံကောင်းမှုကြောင့်… မကြာခင်မှာ ကံကြမ္မာ ရဟတ်က ပြောင်းပြန်များ လည်သွားမှာလား?"

သူလိုချင်နေတဲ့ ပစ္စည်းတွေ တစ်ခုမှ မရှိခဲ့တဲ့ စက်ဝိုင်းကားချပ် စနစ်နဲ့… သူ့ကို အမြတ်ထုတ်ဖို့ ဖန်တီးထားတဲ့ အံစာတုံး စနစ်တို့ဟာ သူ့ရဲ့ စိတ်ထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။ သူက အပေါင်ထားတဲ့ ပစ္စည်းကိုပါ ဆုံးရှုံးသွားနိုင်တဲ့ အဖြူရောင် စုပ်တံအတိုကို ဆွဲယူမိတဲ့ပုံကိုလည်း မြင်ယောင်နေမိပါတယ်။

လင်းဖုန်းက အဆိုးမြင်ဝါဒ မဟုတ်ပေမဲ့… သူ့ရဲ့ အရှေ့မှာ ပေါ်လာတဲ့ မြင်ကွင်းဟာ သူ့အတွက် မယုံနိုင်စရာ ဖြစ်နေခဲ့ပါတယ်။

တတိယ အလင်းတန်း ပျောက်ကွယ်သွားတဲ့ အခါမှာ… သူ့ရဲ့အရှေ့မှာ ပေါ်လာတာက နောက်ထပ် လျှို့ဝှက်သေတ္တာလေး တစ်လုံး ဖြစ်နေခဲ့တာပါ!

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now