အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း

425 60 0
                                    

အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း

"ဒါတွေက မင်းသားချုံးယွင်ရဲ့ လက်ဆောင်တွေလား?" မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာသည် အတန်ငယ် အံ့ဩသွားခဲ့ကာ သေချာစေရန် မေးလိုက်သည်။

အကြီးအကဲရှောင်သည် မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ၏ ငြိုငြင်မှာကို ကြောက်ဟန်နှင့် လျှင်မြန်စွာ ရှင်းပြပေးလိုက်သည်။

အကြီးအကဲရှောင်၏ အဆိုအရဆိုလျှင်၊ ချုံးယွင်မင်းသားသည် ရှောင်မိသားစုကို အထူးဂရုစိုက်၏။ သူ၏ ထောက်ခံမှုနှင့်အတူ၊ ရှောင်မိသားစု၏ စွမ်းအားသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာ၏။ သူတို့နှင့် ဒေသတွင်း ယှဉ်ပြိုင်ဘက်ဖြစ်သော အခြား ဂုဏ်သတင်း ကျောစောသော မိသားစုများအား လွှမ်းမိုးလာနိုင်လေ၏။

ရှောင်ယန်သည် ရုတ်တရက် တစ်ခုခုက မှားနေသည် ဆိုတာကို သဘောပေါက်လိုက်သည်။ သူ၏အဘိုးကို ကြည့်လိုက်ကာ ရုတ်တရက်မေးလိုက်သည်။ "အဘိုး၊ အဘိုးကလည်း ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်သွားပြီလား? ကျွန်တော်က သတိမထားမိလိုက်ဘူး"

သူရှကျိုးက မထွက်ခွာမှီတွင်၊ အကြီးအကဲရှောင်သည် အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်တွင်သာ ရှိနေသေးသည်။ သူ၏ အခြေခံမှာ ခိုင်မာပြီး လုံခွက်ကို သန့်စင်နိုင်ခဲ့သော်လည်း၊ အသက်ကြီးရင့်မှုက သူ၏ စွမ်းအားများနှင့် စိတ်ထက်သန်မှုတို့ကို တိုက်စားသွားခြင်းကြောင့်၊ ရွှေရောင်ဗဟိုချက် အဆင့်ကို မတက်လှမ်းနိုင်ခဲ့ပေ။

အကြီးအကဲရှောင်သည် ရှောင်ယန်၏ ဆိုလိုရင်းကို သဘောပေါက်ပုံနှင့် ရယ်လိုက်ကာ ပြောလိုက်သည်။ "ချုံးယွင်မင်းသားက ငါ့ကို အရံအတား ချိုးဖောက်ဆေးလုံးနဲ့ ကောင်းကင်ထိုးဖောက် ဆေးလုံးကို ချီးမြှင့်လိုက်တယ်။ ငါကလည်း ဒီဆေးလုံးတွေကို စားပြီးတော့ တစ်ဆို့ကြန့်ကြာနေတဲ့ အတားအဆီးတွေကို ချိုးဖောက်နိုင်ပြီး၊ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ခဲ့တာပဲ။ ပြီးတော့၊ ဒါက အစိမ်းရောင် ဗဟိုချက်ကွ"

သူ၏စကားကို ကြားပြီးနောက်တွင်၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ၏ အမူအရာမှာ ပြောင်းလဲမှု မရှိချေ။ သို့သော်လည်း သူ၏ မျက်လုံးအစုံတွင် အနည်းငယ် စိတ်ပျက်အားငယ်သော အရိပ်အယောင် တို့ကို တွေ့နိုင်ပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now