အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ

413 59 0
                                    

အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ

ဝူချင်လျှို၏ လေသံမှာ တပည့်ကို စိတ်ရှည်ညင်သာစွာ သင်ပြနေသော ဆရာတစ်ယောက်၏ လေသံနှင့် တူလေသည်။

အခြားအချိန်တွေဆိုလျှင် ချုံးယွင်မင်းသားသည် ဝူချင်လျှိုအား မည်သို့ပင် သတိထားသည် ဆိုစေကာမူ၊ ဤလေသံဖြင့် သူ့ကိုပြောမည်ဆိုပါက သေချာပေါက် ဒေါသအိုး ပေါက်ကွဲမည်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်မူ၊ ချုံးယွင်မင်းသားသည် ယခင်ကဲ့သို့ တည်ငြိမ်ဆဲဖြစ်ကာ၊ သူ၏အကြည့်သည် ဝူချင်လျှိုထံမှ မခွာခဲ့ပေ။

သူ၏အနောက်တွင် ကြယ်စင်သူတော်စင်သည်လည်း လေပေါ်မှ ဝူချင်လျှို၏ ပုံရိပ်ကို ကြည့်နေခဲ့သည်။ သူ၏မျက်လုံးတွင် ဝေခွဲမရနိုင်သော အရိပ်အယောင်များကို တွေ့နေရသည်။ "ဝူချင်လျှိုက သူ့ရဲ့ဝှက်ဖဲတွေကို တကယ်ပဲ ပြနေပြီလား၊ ဒါမှမဟုတ် နောက်ထပ် ဆင်ခြေဆင်လက် တစ်ခုပဲလား?"

"မဟာချင်ရဲ့ မိသားစုကြီး လေးခုနဲ့ ဂိုဏ်းကြီးတွေကလွဲရင်၊ ကျွန်တော်က တခြားလူတွေကို စဉ်းစားလို့ မရဘူး" ချုံးယွင်မင်းသားက တိတ်ဆိတ်စွာနှင့် ပြောလိုက်သည်။

ဝူချင်လျှိုက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မင်းသားပြောတာ မှန်တယ်။ အင်ပါယာ တစ်ခုက တိုးတက်ကြီးပွားဖို့ဆိုရင်၊ ဗဟိုအင်အားစုကို စုစည်းရမယ်၊ ဘုရင်နဲ့ မှူးမတ်တွေက တစ်ခုတည်းအဖြစ် ညီညွှတ်ရမယ်။ မဟာကျိုး အင်ပါယာက အကောင်းဆုံး ဥပမာပဲ"

သူသည် သက်ပြင်းဖွဖွလေး ချလိုက်သည်။ "မဟာကျိုး အင်ပါယာရဲ့ စွမ်းအားဟာ အခုအထိ အရှိန်ပြင်းပြင်းနဲ့ ချဲ့ထွင်နေတုံး ရှိသေးတယ်။ တကယ်လို့များ မဟာချင်က အတွင်းမှာ ဆက်ပြီးတော့ ကွဲပြားနေသေးရင်၊ တစ်ချိန်ချိန်မှာ မဟာကျိုးက လာကျူးကျော်လိမ့်မယ်"

ချုံးယွင်မင်းသား၏ မျက်လုံးတို့မှာ အရောင်လက်သွားသော်လည်း၊ ဘာတစ်ခုမှ မပြောခဲ့ချေ။

အားလုံးသိကြသည့်အတိုင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာတွင်၊ မဟာချင် အင်ပါယာသည် နတ်ဘုရား နယ်မြေတွင် အထွန်းကားဆုံး အင်ပါယာ ဖြစ်ခဲ့သည်၊ မဟာကျိုးထက်ပင် ကြီးပွားတိုးတက်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now