အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း

375 59 0
                                    

အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း

"အင်း… တကယ်လို့များ ငါကသာ ဆေးဝါးတစ်ရာ ဂရန်းမာစတာသာ ဖြစ်ခဲ့ရင်… လျှို့ဝှက်ဆေးဖော်ခန်းကို ဘယ်နေရာမှာ ထားမှာလည်း?"

လင်းဖုန်းကလည်း ကိုယ့်ကိုယ်ကိုယ်ပဲ မေးနေခဲ့ပါတယ်။

တောကြီးမြက်မည်းထဲကို အကဲခတ်နေခဲ့ရင်း… လင်းဖုန်းဟာ တိတ်တိတ်ကလေးပဲ တွေးနေခဲ့ပါပြီ… "အင်း… ကိုယ့်ဂိုဏ်းက ဂိုဏ်းသားတွေတောင် မသိတဲ့ လျှို့ဝှက်အခန်းဆိုတော့… ဒါက သာမန်လူတွေ လုံးဝဝင်ခွင့် မရတဲ့ နေရာပဲ ဖြစ်ရမယ်…"

"သာမန်သူတွေ လုံးဝဝင်လို့ မရပဲ… ဂရန်းမာစတာ တစ်ယောက်ပဲ လွတ်လွတ်လပ်လပ် ဝင်လို့ရတဲ့ နေရာတစ်ခု…" လင်းဖုန်းက သူ့ရဲ့ ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး မြေပေါ်က ကျောက်တုံးတွေကို ကြည့်လိုက်ကာ… "အင်း… တကယ်လို့များ ဒီချန်ချွန်းတောင်ထိပ်ရဲ့ အောက်မှာ ဂူတစ်ခုကို တူးထားခဲ့ပြီး… အဲ့ဒီကိုသွားတဲ့ လမ်းကို မဖောက်ထားခဲ့ရင်… ဖြတ်သွားတဲ့သူတွေ မှန်သမျှဟာ အဲ့ဒီအထဲကို ဝင်လို့ရမှာ မဟုတ်ဘူးဟ…"

"ပြီးတော့လည်း အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတစ်ယောက် အနေနဲ့… သူဟာ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်တော့… ဒီဂူရဲ့ တည်နေရာကို သိရုံနဲ့ပဲ သူက အားမစိုက်ရပဲ ဂူထဲကို ဝင်နိုင်မှာပဲ…"

လင်းဖုန်းရဲ့ မျက်နှာပေါ်မှာ အပြုံးလေး တစ်ခုက ပေါ်လာခဲ့ပြီး… "ဟီးဟီး… ငါက အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ မဟုတ်သေးပေမဲ့… ဒီဘိုးတော်ရဲ့ ရတနာ သေတ္တာထဲကိုတော့ ဝင်နိုင်ပါတယ်ကွ…"

စကြာဝဠာ ကြေးမုံကနေပြီး ဒီဂူရဲ့ နေရာ အတိအကျကို အတည်ပြုပြီးတဲ့နောက်မှာ… လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို လှုပ်လိုက်ပြီး… အနက်ရောင် မြူခိုးငွေ့တွေနဲ့အတူ ဒီနေရာကနေပြီး ပျောက်ကွယ်လို့ သွားခဲ့ပြီလေ။

ရုပ်စုံမှန်ပြောင်းတွေကို ကြည့်နေရသလိုမျိုး လေဟာနယ်ရဲ့ အတွင်းက ပုံရိပ်တွေဟာ… မည်းနက်နေတဲ့ အနက်ရောင် လွင်ပြင်ကြီး တစ်ခုရဲ့ အဖြစ်ကို ပြောင်းသွားခဲ့တဲ့ အချိန်မှာ… လင်းဖုန်းဟာ သူသွားချင်တဲ့ နေရာကို ရောက်လာခဲ့ပြီလို့ သိလိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now