အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု

462 60 1
                                    

အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု

မဟူရာနဂါး ကျဲယု၏ အသံလွှင့်မှုကို ရရှိသည့်အခါ လင်းဖုန်း၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားခဲ့သည်။

သူသည် ယခင်က တန်မိသားစုကို မကြားဖူးချေ။ သို့သော်လည်း ရှေးဟောင်း ယွင်ထန်းကမ္ဘာကိုမူ ကြားဖူးနားဝရှိသည်။

မဟာ ယွင်ထန်းကမ္ဘာကို ဝိုင်းရံသော အဓိက အစိတ်အပိုင်း နှစ်ခုမှာ၊ နတ်ဘုရားနယ်မြေနှင့် မဟာလွင်တီးခေါင် နယ်မြေတို့ ဖြစ်ကြသည်။

ထိုနယ်မြေကြီး နှစ်ခုကို ဝန်းရံထားကာ ဗဟိုပြု၍ ဖွဲ့စည်းထားသော ဒိုင်မန်းရှင်း ဟင်းလင်းပြင် မြောက်မြားစွာ ရှိကြသည်။ အကုန်လုံးကို စုပေါင်း၍ မဟာယွန်ထန်း ကမ္ဘာဟုခေါ်သည်။

အန္တရာယ်ရှိသော ဒိုင်မန်းရှင်း မုန်တိုင်းများနှင့် ကစဉ့်ကလျား ဟင်းလင်းပြင်များသည်၊ အန္တရာယ်များသော စစ်မြေပြင်များအဖြစ် ရှိနေကြသည်။ အရာဝတ္တုနှင့် စွမ်းအားတို့ အတန်ငယ် တည်ငြိမ်မှုရှိသော လေဟာနယ်များလည်း ရှိသည်။ ထိုကဲ့သို့သော ဒိုင်မန်းရှင်းများတွင် အဖိုးတန် သတ္တုတွင်းထွက်များ တွေ့နိုင်ပြီး၊ လူသားနှင့် မိစ္ဆာမျိုးနွယ်စုများကို တွေ့နိုင်ပေသည်။

ထိုကဲ့သို့သော ဒိုင်မန်းရှင်းများကို 'အလယ်ကမ္ဘာ'ဟု ခေါ်ကြသည်။ ဒိုင်မန်းရှင်းများ အကြားတွင် လျှို့ဝှက်ပုန်းကွယ်နေကြသော ထိုကဲ့သို ကမ္ဘာပေါင်း မြောက်မြားစွာရှိနေကြသည်။ အချို့မှာ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ကြရကာ၊ အချို့ကမ္ဘာတို့မှာ ဒီအတိုင်းပင် ရှိနေကြသေးပြီး ကံကောင်းသော ရတနာမုဆိုးတို့၏ ရှာဖွေတွေ့ရှိရန် စောင့်နေကြလေသည်။

ဒါတွေသည် စကြာဝဠာ အပေါင်းအစု ဟူသော အသုံးအနှုန်း၏ မူလအစပင်ဖြစ်သည်။

ထောင်စုနှစ်အချို့ ကြာပြီးနောက်တွင်၊ မဟာကမ္ဘာတွင် နေထိုင်ကြသော လူသားတို့၏ လူဦးရေမှာ တိုးတက်လာကြကာ၊ ကျင့်ကြံသူ ဦးရေမှာလည်း များပြားလာကြသည်။

အချို့သော ကျင့်ကြံမှု အရင်းအမြစ် ပစ္စည်းများသည် အသုံးပြုပြီးသွားလျှင် ပြုပြင်၍ ပြန်အသုံးပြု၍ ရသည်။ အချို့မှာမူ ပြန်သုံး၍မရပဲ အဆက်မပြတ် အသုံးပြုမှုအောက်တွင် လက်ကျန်များမှာ ရှားပါးလာကြသည်။ အချို့သော ပစ္စည်းများသည် နတ်ဘုရားနယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေတို့တွင် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now