အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ

442 53 1
                                    

အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ

လင်းဖုန်းနဲ့ ကျန်တဲ့သူတွေဟာ မဟူရာနဂါး ကျဲယုပေါ်မှာ စီးနင်းလာခဲ့ကာ၊ မဟာချင် အင်ပါယာရဲ့ အရှေ့တောင်ပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။

ထွမ်းထွမ်းဟာ သူမရဲ့အောက်က တောတောင်ရှုခင်းတွေကို ကြည့်လိုက်ပြီး၊ "အပြာရောင်တိမ်တိုက် ဦးချိုမြွေတွေက ဒီအနီးအနားမှာ ရှိတယ်ဆိုတာကို မှတ်မိနေတယ်"

ရှောင်ပုတန်လေးက ဒီစကားကို ကြားလိုက်တာနဲ့ မျက်လုံးတွေဟာ အရောင်တောက်လာခဲ့ပြီး အော်လိုက်ပါတယ်၊ "ဆရာသခင်!"

လင်းဖုန်းက ပြုံးလိုက်ပြီး ကျဲယုကို ခြေမနဲ့ တို့လိုက်ပါတယ်။ ကျဲယုကလည်း သူ့ရဲ့ ရည်ရွယ်ချက်တွေကို သဘောပေါက်နေခဲ့ကာ၊ သူရဲ့ အမြန်နှုန်းကို လျှော့ချလိုက်ပြီး အောက်ကို ဆင်းသက်ခဲ့ပါတယ်။

"အသက်ရှူသံကို တိုးထားလိုက်၊ မဟုတ်လို့ရှိရင် အပြာရောင်တိမ်တိုက် ဦးချိုမြွေတွေက လန့်ပြီးပြေးကုန်လိမ့်မယ်" ထွမ်းထွမ်းက ကျဲယုရဲ့ခေါင်းကို ရိုက်လိုက်ပါတယ်။

ကျဲယုဟာ ဒေါသထွက်သွားပေမဲ့၊ ရှောင်ပုတန်လေးကလည်း ထွမ်းထွမ်းနဲ့ သဘောထား တစ်ခုတည်း ရှိနေတာကို တွေ့လိုက်ရတော့၊ သူ့ရဲ့ဒေါသတွေကို ပြန်လည်မျိုချလိုက်ရပါတော့တယ်။

"ကောင်မစုတ်လေး၊ အခွင့်အရေး ရလို့ကတော့ မင်းကိုတစ်စစီ ဆွဲဖြဲပစ်မယ်ကွ။ မင်းနဲ့ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က အခုဆိုရင် ကွာသွားခဲ့ပြီ!" ကျဲယုဟာ မုန်းတီးစွာနဲ့ တွေးလိုက်ပေမဲ့၊ သူ့ရဲ့ နဂါးအော်ရာကို ဖုံးကွယ်လိုက်ပါတယ်။

မိစ္ဆာဆေးလုံးကို ဖန်ဆင်းထားပြီးတဲ့ မိစ္ဆာကလန်က သူတွေဟာ သူတို့ရဲ့ မိစ္ဆာအော်ရာတွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ ဒါပေမဲ့လည်း နဂါးကလန်က အော်ရာတွေဟာ ထူးခြားပါတယ်။ မိစ္ဆာအုပ်ချုပ်သူ အဆင့်က သူတွေဟာ သူတို့ရဲ့ အော်ရာတွေကို အပြည့်အဝ ကွယ်ဝှက်ထားနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း ကျဲယုဟာ မိစ္ဆာဝိညာဉ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး၊ မိစ္ဆာသခင် အဆင့်ကို ရောက်သွားပြီဆိုတော့ လွယ်ကူတဲ့အလုပ် ဖြစ်သွားခဲ့ပါပြီ။ သူဟာ ပေတစ်ထောင်ကျော်ရှည်တဲ့ ဧရာမ နဂါးကြီးတစ်ကောင် ဖြစ်ပေမဲ့၊ သူ့ရဲ့ အတွင်းမိစ္ဆာ စွမ်းအားတွေဟာ တစ်စက်မှ မထွက်လာခဲ့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now