အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ

431 55 0
                                    

အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ

မြေကြီးလိုမျိုး အဝါရောင် သန်းနေတဲ့ ဖက်တီးလေးဟာ ပျော်ရွှင်စွာနဲ့ အော်ဟစ်လိုက်ပြီး… ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်ရဲ့ ကြီးစိုးနိုင်တဲ့ စွမ်းအားကို တစ်စက်ကလေးမှ မကြောက်ခဲ့ပဲ… ဒီခရမ်းပြာရောင် မီးတောက်ကို ပါးစပ်အကြီးကြီး ဟလိုက်ပြီး မျိုချလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ… သူ့ရဲ့ မျက်နှာပေါ်မှာ ခရမ်းပြာရောင် သန်းလာခဲ့ပြီး… ပျော်ရွှင်စွာနဲ့ပဲ တခစ်ခစ်နဲ့ ရယ်မောနေခဲ့ပါပြီ။ သူဟာ ဒီမီးတောက်ရဲ့ အနံ့အရသာကို သဘောကျနေပြီး ခံတွင်းတွေ့နေတယ် ဆိုတာဟာ သိသာနေခဲ့ပါတယ်။

ဒါပေမဲ့လည်း… ခဏအကြာမှာပဲ သူရဲ့ အမူအရာတွေဟာ ရှုံ့မဲ့လာခဲ့ပြီး… သူ့ရဲ့ ဗိုက်ကလေးကို လက်နဲ့နှိပ်နေခဲ့ကာ မြေကြီးပေါ်မှာ လူးလိမ့်နေခဲ့ပါပြီ။

"အင်း… ကြည့်ရတာ သူက စားလို့ကောင်းပေမဲ့… အစာကျေဖို့ကတော့ ခက်တယ်နဲ့တူတယ်…" လင်းဖုန်းနဲ့ သူ့ရဲ့တပည့်တို့ဟာ ရယ်ချင်ပက်ကျိ ဖြစ်နေကြပြီး… အဲ့ဒီလောက် အစားပုတ်တာ နည်းတောင်နည်းသေးတယ်လို့ တွေးနေကြပါတယ်။

ဒီအဝါရောင် ကောင်ကလေးရဲ့ မျက်နှာဟာ တွန့်လိမ်ရှုံ့မဲ့နေခဲ့ပေမဲ့… ကြည့်ရတာက အသက်နဲ့တော့ အဝေးကြီးပါ။

အချိန်အတော်ကြာပြီးမှသာ… သူ့ရဲ့ မျက်နှာပေါ်က နာကျင်မှု ဝေဒနာတွေဟာ တဖြေးဖြေးနဲ့ ပျောက်သွားခဲ့ပြီး… သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပါပြီ။ ရုတ်တရက်ပဲ သူဟာ အသံအကျယ်ကြီး တစ်ချက်အော်လိုက်ပြီး… ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာရဲ့ အပြင်ဘက်ကို ပျံထွက်သွားခဲ့ပါတော့တယ်။

လင်းဖုန်းဟာ အလစ်အငိုက် မိသွားပေမဲ့… ချက်ချင်းဆိုသလိုပဲ ဒီကောင်လေးရဲ့ အနောက်ကို လိုက်သွားခဲ့တာပါ။ သူဟာ ဒီကောင်လေးက မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ အပေါ်ကနေ ခုန်ချလိုက်ပြီး… ယုကျင်းတောင်ထိပ်ပေါ်ကို ကျသွားခဲ့တာကို တွေ့လိုက်ရပါပြီ။

ဒီဖက်တီးလေးဟာ သူ့ရဲ့ ခြေလက်တွေကို ဆန့်ထားခဲ့ပြီး… တ(大)ဆိုတဲ့ တရုတ်စာလုံး ပုံစံအတိုင်းပဲ တောင်ထိပ်ပေါ်ကို ပြင်းထန်စွာနဲ့ ကျသွားခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now