အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!

397 55 1
                                    

အပိုင်း ၁၆၁ : ကဲ… ဒီမှာ မြင်းတပ် လာပါပြီဗျာ!

"ကောင်လေးရေ… မင်းက ငယ်ရွယ်လွန်းပြီး ရိုးလွန်းတာကိုး!"

လင်းဖုန်းက ရယ်ရမ်းသွေးလိုက်ပြီး… ဂန်ဂျင်ကျားမိစ္ဆာနဲ့ ဟုန်ရဲ့တို့ရဲ့ တိုက်ပွဲကို ကြည့်နေရင်းနဲ့… ထိုင်ခုံတစ်ခုရှာပြီး ဝါးဖို့ နေကြာစေ့တစ်ထုတ်လောက် ရရင်ကောင်းမှာပဲလို့ တွေးနေခဲ့ပါတယ်။

မျှော်လင့်ထားတဲ့ အတိုင်းပဲ… ဟုန်ရဲ့မှာက အဖိုးတန် ရတနာတွေနဲ့ ရွှေရောင်ဗဟိုချက် အဆင့်က လက်နက်တွေ အများကြီး ရှိနေတာဆိုတော့… ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေကို ဖော်ပြနိုင်ခဲ့တာပါ။

သူက လျှင်မြန်သော အသွေးအသား မှော်ပညာကို တတ်ကျွမ်းထားတာဆိုတော့… သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ ဂန်ဂျင်ကျားမိစ္ဆာရဲ့ တိုက်ခိုက်မှုတွေကို အနီးကပ် ကျင်လည်စွာနဲ့ပဲ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

အရင်တစ်ယောက်က တာအိုဆရာ တဲမူနဲ့ ရောင်းရင်းများဟာ ဟုန်ရဲ့ကို ဝိုင်းလှည့်ဖျားဖို့ ကြိုးစားခဲ့ပေမဲ့… အခြေအနေတွေဟာ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားခဲ့ပြီး တကယ့်တိုက်ပွဲ တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ကာ… ဟုန်ရဲ့ရဲ့ စွမ်းရည်အစစ်အမှန်ကို တွေ့ခဲ့ရတာပါ။ တာအိုဆရာ တဲမူဟာ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့… သူဟာ ဟုန်ရဲ့ကို အရှုံးပေးခဲ့ရပြီး သူ့ရဲ့ ရတနာတွေ ဓားတွေကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်ပဲ… ဟုန်ရဲ့နဲ့ သူ့ရဲ့ အစွမ်းထက် လက်နက်တွေနဲ့ ပေါင်းလိုက်ရင်… သူ့ထက် အဆင့်ပိုမြင့်တဲ့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို အနိုင်တိုက်နိုင်တာက အထူးအဆန်း မဟုတ်ပါဘူး။

ဒါပေမဲ့လည်း… အခု ဒီဂန်ဂျင် ကျားမိစ္ဆာနဲ့ ရင်ဆိုင်ရတော့… သူဟာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုကို ရင်ဆိုင်နေရပါပြီ။

ဒီဂန်ဂျင် ကျားမိစ္ဆာဟာ ခေါင်းစခြေဆုံးအထိ သတ္တု အပိုင်းအစတွေနဲ့ ဖုံးအုပ်ထားတာပါ… လရောင်ရဲ့အောက်မှာ တောက်ပနေတဲ့ စင်းလုံးချော ချပ်ဝတ်တန်ဆာ တစ်ခုကို ဝတ်ထားခဲ့သလိုပါပဲ။ ဒီချပ်ဝတ်တန်ဆာဟာ သူ့ရဲ့ အရိုးပုံစံအတိုင်း ရှိနေခဲ့ပြီး… သူ့ရဲ့ ခန္ဓာကိုယ် အကွေ့အကောက် အတိုင်း လှပစွာနဲ့ ကွက်တိအံကျပြီးမှ နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now