အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း

493 57 0
                                    

အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း

လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို ထိန်းချုပ်နေရင်း… ကောင်းကင်တစ်လျှောက်မှာ ခရီးနှင်နေခဲ့ပါတယ်။

မဟူရာ တိမ်တိုက်အလံကနေပြီး အနက်ရောင် အလင်းတန်းတွေဟာ လည်ပတ်နေခဲ့တော့… အထက်တန်းကျတဲ့ အော်ရာတွေကို ခင်းကျင်းပြသနိုင်ခဲ့တာပါ။

အနက်ရောင် အလင်းတန်းတွေရဲ့ အထဲမှာ… တစ်ယောက်ဟာ လေဟာနယ်နဲ့ ဟင်းလင်းပြင်တွေရဲ့ တုန်ခါမှုတွေကို သတိပြုနိုင်ခဲ့ပြီး… စွမ်းအားကြီးတဲ့ အနေအထားကို ခံစားနေခဲ့နိုင်ပါတယ်။

လင်းဖုန်းဟာ ချန်ကန်းရဲ့ ရေကိုဆန့်ကျင်သော အလံဆီကနေ… ဖြိုးမောက်မြေကြီး အနည်းငယ်ကို ရခဲ့ရုံတင် မကပဲ… တစ်ခုတည်းသော ကောင်းကင်ဘုံ အကြွင်းမဲ့ရေ ပုလင်းသေးလေး တစ်ပုလင်းကိုလည်း ရခဲ့သေးတာပါ။

တစ်ခုတည်းသော ကောင်းကင်ဘုံ အကြွင်းမဲ့ရေ အနည်းငယ်ကို အသုံးပြုလိုက်ပြီး… လင်းဖုန်းဟာ ညစ်ညမ်းသော ငရဲသွေး မြစ်ရေတွေရဲ့ တိုက်စားထားတာကို ခံနေရတဲ့… မဟူရာ တိမ်တိုက်အလံကို အောင်မြင်စွာနဲ့ သန့်စင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အရင်က ညစ်ညမ်းနေခဲ့တဲ့ အခြေအနေတွေကြောင့်… ပျံသန်းခြင်းနဲ့ ခရီးတို သယ်ယူပို့ဆောင်ခြင်းတွေကိုသာ ပြုလုပ်နိုင်ခဲ့ပြီး… သူ့ရဲ့အထဲမှာ သေးငယ်တဲ့ လေဟာနယ် နေရာလေး တစ်ခုကိုသာ ဖွဲ့စည်းနိုင်ခဲ့ကာ … တခြားစွမ်းဆောင်မှု များစွာတို့ကို မလုပ်နိုင်ခဲ့တဲ့ မဟူရာ တိမ်တိုက်အလံဟာ… အခုဆိုရင်တော့ တိုက်ခိုက်မှု ရည်ရွယ်ချက်တွေကိုပါ စွမ်းဆောင်နိုင်ပြီး ဖြစ်ပါတယ်။

အခုဆိုရင် ရွှေရောင်ဗဟိုချက် အဆင့်က မှော်အိုင်တမ် တစ်ခုရဲ့ မူလစွမ်းရည်တွေကို ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်တဲ့… မဟူရာ တိမ်တိုက်အလံရဲ့ အနက်ရောင် အလင်းတန်းလေးဟာ… တိုက်စစ်ရော ခံစစ်ပါ စွမ်းဆောင်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်လို့… ရွှေရောင်ဗဟိုချက် အဆင့် မှော်အိုင်တမ်တွေရဲ့အထဲမှာ ရေပေါ့်တကာ ရေပေါ်ဆီ ဖြစ်သွားခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now