အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!

402 62 0
                                    

အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!

ဝမ်လင်းဟာ ရုတ်တရက်ပဲ ထွက်ပေါ်လာခဲ့ပြီး... သူ့ရဲ့ လက်မနဲ့ လဲ့ဖုန်းဆရာတော်ဆီကို ထိုးလိုက်ပါပြီ။

ဒါကတော့ အထီးကျန် သေမင်းလက်မပဲ ဖြစ်ပြီး... ဝမ်လင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင်တော့ သူဟာ လက်တစ်ချောင်းပဲ သုံးဖို့ လုံလောက်တဲ့ မှော်စွမ်းအင်တွေပဲ ရှိတာပါ။

ဒီပေမဲ့လည်း ဒီတစ်ခေါက် အထီးကျန် သေမင်းလက်မဟာ အရင်ကနဲ့ သိပ်မတူပါဘူး... သူဟာ သေမင်းဓာတ်ငွေ့တွေကို မထုတ်လွှတ်ခဲ့ဘူးလေ။

ဝမ်လင်းဟာ သေမင်းဓာတ်ငွေ့တွေကို တစ်လက်မ ပတ်လည်ရှိတဲ့ ကုဗတုံးလေး အဖြစ်ကို အစွမ်းကုန် သိပ်သည်းထားခဲ့တာပါ။

ဝမ်လင်းကလည်း သူနဲ့ လဲ့ဖုန်းဆရာတော်ရဲ့ ကြားထဲက အဆင့်အတန်း ကွာခြားမှုကို သဘောပေါက်နေတာကြောင့်... ဒီမှော်ကျိန်စာဟာ သူ့ကို ဒဏ်ရာရဖို့ မရည်ရွယ်ခဲ့ပဲ အချိန်ခဏလောက် အာရုံထွေပြားစေဖို့ကိုပဲ ရည်ရွယ်ခဲ့ပါတယ်။

လဲ့ဖုန်းဆရာတော်ဟာ သူ့ရဲ့ မှော်ကျိန်စာကို ထုတ်လွှတ်ခဲ့ပြီး... ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းကို ထိန်းချုပ်နေစဉ်မှာပဲ... တစ်လက်မ ပတ်လည်ရှိတဲ့ အနက်ရောင် ကုဗတုံးလေး တစ်ခုဟာ ရုတ်တရက်ပဲ သူ့ရဲ့ ညာဘက်လက်ညှိုးကို ရစ်ပတ်လာခဲ့ပါတယ်။

စူးရှပြင်းထန်လှတဲ့ သေမင်းဓာတ်ငွေ့တွေဟာ အကြည့်ရ ဆိုးလှစွာနဲ့ လဲ့ဖုန်းဆရာတော်ရဲ့ လက်ညှိုးကို တိုက်စားခဲ့တာပါ။ သေးငယ်တဲ့ အစက်လေး အဖြစ်ကို သိပ်သည်းထားခဲ့တဲ့ ပြင်းထန်လှတဲ့ သေမင်းစွမ်းအားဟာ ရုတ်တရက်ပဲ ပေါက်ကွဲထွက်လာခဲ့ကာ... သူ့ကို အလစ်အငိုက်မိစေခဲ့ပါတယ်။ လဲ့ဖုန်းဆရာတော်ဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကတောင်... ဒီပြင်းထန်လှတဲ့ စွမ်းအားကို ခံနိုင်ရည်မရှိဘူး ဆိုတာကို သဘောပေါက်သွားခဲ့ပါပြီ။

သူက နှာခေါင်းရှုံ့လိုက်ပြီး... သူ့ရဲ့ မှော်စွမ်းအင်တွေကို ပြန်စုစည်းလိုက်ကာ... ဝမ်လင်းရဲ့ အထီးကျန် သေမင်းလက်မကို ချေဖျက်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ သူ့ရဲ့ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းကို ထိန်းချုပ်နိုင်စွမ်းကို အကျိုးသက်ရောက်စေခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now