အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း

419 52 0
                                    

အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း

"ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး?"

လင်းဖုန်းက သူ၏ခေါင်းကို မော့လိုက်သည်။ တန်ရင်ကျဲက ရှင်းယွင်တောင်ထိပ်ပေါ်သို့ သတင်းယူဆောင် လာခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်ကျော် ရှိပြီဖြစ်သည်။ သူသည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာက တစ်လအကြာတွင် စတင်ဖွင့်လှစ်မည်ဟုလည်း ပြောသွားသေးသည်။

ရက်များသည် လျှင်မြန်စွာနှင့် ကုန်ဆုံးလွန်မြောက်သွားခဲ့သည်။

ဒါသည် လင်းဖုန်း၏ တပည့်များ တောက်ပလာဖို့ ကောင်းမွန်သော အခွင့်အရေး တစ်ရပ်ဖြစ်သည်။

"မစ္စတာစွန်းကို ဒုက္ခပေးမိသလို ဖြစ်နေခဲ့ပြီ" လင်းဖုန်းက ခေါင်းညိတ်လိုက်ကာ သူ၏ ဝတ်ရုံအား ဝှေ့ယမ်းလိုက်၍၊ ခရမ်းရောင် မြူခိုးငွေ့များအား ထုတ်လွှတ်လိုက်၏။ ထိုမြူခိုးငွေ့များသည် လေပေါ်သို့ ထိုးဖောက်သွားခဲ့ကာ ရှကျိုးသို့ ရောက်သွားခဲ့၍၊ မြေပြင်ပေါ်မှ ကျောက်ခင်းလမ်းအတိုင်း ဖြစ်သွားခဲ့သည်။

စွန်းဖူသည် ရုတ်တရက် လေပေါ်မှ အက်ကွဲကြောင်း တစ်ခုအတွင်းမှ ထွက်လာခဲ့သည်။ သူသည် ခရမ်းရောင် မြူခိုးငွေ့များကို မျက်နှာမူလိုက်ကာ ဦးညွှတ်လိုက်သည်။ "ကျွန်တော့်တို့ကို ဝင်ခွင့်ပြုပါ၊ မာစတာလင်း"

စွန်းဖူ၏ဘေးတွင် စွန်းဖူက မှော်စွမ်းအင်ဖြင့် လေပေါ်တွင် ခေါ်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်လည်း ရှိနေသည်။ သူသည်လည်း တစ်ချက်ဦးညွှတ်လိုက်ကာ၊ သူတို့နှစ်ယောက်သည် ခရမ်းရောင် မြူခိုးငွေ့ လမ်းကြောင်းအတိုင်း လျှောက်လာကြ၏။

ခြေတစ်လှမ်းမှပင် မလှမ်းရသေးပဲ ခရမ်းရောင် မြူခိုးငွေ့များသည် သူတို့အား ယုကျင်းတောင်သို့ သယ်ယူပို့ဆောင်ပေးလိုက်ကြသည်။ သက်လတ်ပိုင်း လူကြီးက မြင်ကွင်းအတွင်းသို့ ရောက်လာသောအခါ၊ လင်းဖုန်းက သူ့အား တစ်ချက်ကြည့်လိုက်သည်။ "သူပဲ ဖြစ်ရမယ်?"

ထိုသူသည် ရင်းနှီးကျွမ်းဝင်ပြီးသာသူ ဖြစ်၏။ မတွေ့ရတာ အချိန်အကြာကြီးရှိပြီ ဖြစ်သော်လည်း၊ လင်းဖုန်းက သူ့အား မှတ်မိနေသေးသည်။ ထိုအချိန်က သူသည် အခြေခံအုတ်မြစ် အဆင့်ကိုပင် မရောက်သေးပဲ၊ သူ၏မစ်ရှင်အရ ရှေးဟောင်းကမ္ဘာ စိမ့်မြေအတွင်းသို့ ရောက်နေချိန်ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now