အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!

397 60 0
                                    

အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!

သတ်ဖြတ်လိုစိတ် အော်ရာတို့သည် ဟော်ချန်းဆီမှနေ ထွက်ပေါ်လာခဲ့သည်။ ကွင်း၏ပြင်ပမှ သူ၏ အောက်တည့်တည့်ရှိ၊ မူလက စိမ်းစိုနေသော မြက်ပင်တို့သည် ခြောက်သွေ့ကုန်ကြသည်။ သူတို့၏ အသက်စွမ်းအင်များ အားလုံး ချုပ်ငြိမ်းကုန်ကြသည်။

သူ၏ဆေဘာအား ဝမ်လင်းဆီသို့ ချိန်ရွယ်ထားခဲ့သည်။ ကျားတစ်ကောင်က အမှုမဲ့ အမှတ်မဲ့ နေနေသော သားကောင်တစ်ကောင်အား၊ ခုန်အုပ်ရန် ကြံရွယ်နေသကဲ့သို့ ဖြစ်သည်။ အနက်ရောင် မြားတစ်စင်းနှင့် တူသော အော်ရာတို့သည် ဝမ်လင်းထံသို့ ပစ်လွှတ်လာကြသည်။ တစ်ခုချင်းဆီက သေမင်း၏ တမန်တော်နှင့် တူနေခဲ့သည်။

ဝမ်လင်းသည် မြေပြင်ပေါ်တွင်သာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ မှော်စွမ်းအင် အော်ရာများက သူ၏ ပတ်ပတ်လည်တွင်၊ သစ္စာရှိသော အစောင့်စစ်သားများကဲ့သို့ လွှမ်းခြုံရစ်ပတ်ထားခဲ့သည်။ လျှပ်တစ်ပြက် အတွင်းမှာပင် သူသည် ငရဲကမ္ဘာ မြစ်ရေ၏ ဖျက်ဆီးခြင်းအဆင့်သို့ ရောက်သွားခဲ့သည်။

ဒါသည် အရင်က ထုတ်ဖော်မပြရသေးသော စွမ်းအားဖြစ်သည်။ သူ၏ အင်္ကျီလက်ဝမှ ဝှက်ဖဲဖြစ်သည်။ သူ၏ ပတ်ပတ်လည်မှ အော်ရာများသည် အလင်းမှ အမှောင်သို့ ပြောင်းသွားသည်၊ အဝါမှ အနက်သို့ ပြောင်းသွားသည်၊ ဟေးဒီးစ်ကိုယ်တိုင်က ပေါ်လာသကဲ့သို့ ဖြစ်သည်။

ဟော်ချန်း၏ အော်ရာများသည် ဝမ်လင်း၏ အနားသို့ ရောက်လာသော အခါတွင်၊ သဲမှုန်လေးများသည် ကျယ်ပြန့်လှသော သမုဒ္ဒရာ အတွင်းသို့ ပျော်ဝင်သွားသကဲ့သို့၊ အစအနပင် ရှာမရပဲ ပျောက်ကွယ်သွားလေသည်။

"နှိမ်နင်းနိုင်တဲ့ စွမ်းအား?" ဟော်ချန်း၏ အမူအရာတို့သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူသည် ရေနှင့်မီး အကြားတို့မှ ဖောက်ထွက်၍ ငရဲပြည်မှ လွတ်မြောက်ရန် ကြိုးစားနေခဲ့ပြီး၊ ဝမ်လင်းကိုယ်တိုင်က နတ်ဆိုးတစ်ပါး ကဲ့သို့ဖြစ်နေသည်။

"မင်းက ငရဲပြည်က လာတယ်လို့ ကြားထားတယ်" ဝမ်လင်းက ကျယ်လောင်စွာနှင့် ပြောလိုက်သည်။ သူ၏ မျက်လုံးအစုံမှာ လုံးဝ မလှုပ်ရှားခဲ့ပေ၊ အမူအရာ တစ်စက်ကလေးကိုမျှ ဖော်ပြခြင်း မရှိခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now