အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!

388 58 0
                                    

အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ… အခုချက်ချင်း ထွက်လာခဲ့စမ်း!

မရေမတွက်နိုင်တဲ့ ဓားသွားပုံစံ လေပြင်းတွေဟာ… ရှောင်ယန်ဆီကို ထိတ်လန့်ဖွယ်ရာ ပြေးဝင်လာကြပါတယ်။

ရှောင်ယန်က ရယ်ရမ်းသွေးလိုက်ပြီး… စူရှမ်းရှီရဲ့ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့မုန်တိုင်းကို လုံးဝ လျှစ်လျူရှုထားလိုက်ပါတယ်။ သူက သူ့ရဲ့ အရှေ့က လေဟာနယ်ကို အားကုန်သုံးပြီး… လက်သီးနဲ့ ထိုးချလိုက်ရာ လှိုင်းတွန့်တွေ ထလာခဲ့ပါတယ်။

စူရှမ်းရှီရဲ့ မျက်နှာပေါ်က အပြုံးဟာ တဖြေးဖြေးနဲ့ အေးခဲသွားခဲ့ပါတယ်။

ဒီအချိန်မှာတော့ သူဟာ ငလျှင်လှုပ်ရာမှာ ပြိုကျသွားတဲ့ အိမ်တစ်လုံးရဲ့ အထဲမှာ… ပိတ်မိနေသလိုမျိုး ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့အရှေ့က လေဟာနယ်ဟာ အချိန်မရွေး ပြိုကျသွားတော့ မလိုပါပဲ။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလည်း? သူက ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိသေးတာလေ…" သူရှိနေတဲ့ လေဟာနယ်ဟာ ပြိုကျတော့မလို ဖြစ်လာခဲ့တော့… စူရှမ်းရှီဟာ အံ့ဩထိတ်လန့် သွားခဲ့ပါတယ်။ ဒီလေဟာနယ်ထဲကနေ အနက်ရောင် လိုင်းကြောင်းတွေဟာ ပေါ်လာခဲ့ပြီး… သူ့ကို မျက်စိကျိန်းစေခဲ့ပါတယ်။

လက်သီးတစ်ချက်နဲ့တင်ပဲ… ကျန်းဟိုင်.. မာစတာ ဆိုင်ကလုန်းနဲ့ ယုဝမ်ဖုန်းတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေဟာ ပြောင်းသွားခဲ့ပါတယ်။ သူတို့တတွေဟာ အစပထမက ရှောင်ယန်ကို လျှစ်လျူရှုထား ကြပေမဲ့… အခုကတော့ အံ့အားသင့်ကုန်ကြပါပြီ။

အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေ အနေနဲ့… သူတို့ဟာ လေဟာနယ်ထဲက အနက်ရောင် လိုင်းတွေဟာ ပုံရိပ်ယောင် မဟုတ်ဘူး ဆိုတာကို သိနေကြပါတယ်။ သူတို့ဟာ လေဟာနယ်ရဲ့ အက်ကွဲကြောင်းတွေ ဖြစ်ကြတာပါ!

ရှောင်ယန်ရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းဟာ… နဂိုကတည်းက လုံးဝကို ဖျက်ဆီးနိုင်တဲ့ အင်အားကြီးတဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်သွားတော့… ဒီစွမ်းအားဟာ အံ့ဩဖွယ်ရာ နောက်ထပ်အဆင့် တစ်ခုကို ရောက်ရှိသွားပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now