အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်

401 57 0
                                    

အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်

ရန်သူလေးယောက်တို့သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှလူများ ဖြစ်ကြ၍၊ ကိုယ်ပိုင်နည်းလမ်းများဖြင့် ထူးချွန်ထက်မြက်သူများ ဖြစ်ကြ၏။ သူတို့၏ တာအိုနည်းစနစ်များ၊ မှော်ကျိန်စာများမှာ အထင်ကြီးဖွယ်ရာရှိ၍၊ ရန်သူအား အဖွဲ့လိုက် တိုက်ခိုက်ရန် အထူးလေ့ကျင့်ထားကြ သူများဖြစ်သည်။ သူတို့လေးယောက်တို့သည် ဝင်္ကပါတစ်ခုကို ဖန်ဆင်းလိုက်ကာ၊ ရှောင်ပုတန်လေးအား တစ်ယောက်တည်း အနေဖြင့် တိုက်ခိုက်လိုက်ကြသည်။

ရှောင်ပုတန်လေးသည် ကောင်းကင်လှုပ်ခါ မိုးကြိုးမုန်တိုင်း၏ စွမ်းအားကို ထုတ်ဖော်လိုက်၍၊ မိုးကြိုးမုန်တိုင်း မိစ္ဆာနတ်ဘုရား ပုံစံကို ပြောင်းလိုက်ပြီးဖြစ်သည်။ သူသည် ကျားမိစ္ဆာ ရွှေပန်းကန်ပြား ဆီမှ၊ ရွှေရောင်ဗဟိုချက် အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော ကျားမိစ္ဆာ ဝိညာဉ်အား တစ်ချိန်တည်းမှာပင် ထုတ်လွှတ်လိုက်သည်။ ကျားမိစ္ဆာနှင့် အတူတကွ တိုက်ခိုက်လိုက်ခြင်းအားဖြင့်၊ သူသည် လုပ်ကြံတိုက်ခိုက်မှုများအား ကြံ့ကြံ့ခံနိုင်ခဲ့ပေသည်။

သို့သော်လည်း ရှောင်ပုတန်တွင် ပြဿနာတစ်ခု ရှိနေသည်။ သူသည် အစိမ်းရောင် မြူခိုးငွေ့များ အကြားသို့ သူ၏ အသိစိတ်အား ထုတ်လွှတ်၍၊ ရန်သူများ၏ နေရာကို ရှာဖွေ၍ မရချေ။ အခြားတစ်ဘက်တွင်မူ၊ သူ၏ရန်သူ လေးယောက်တို့သည် ထိုအစိမ်းရောင် မြူခိုးငွေ့များ၏ အကျိုးသက်ရောက်မှုကို မခံစားနေရပေ။

ရှောင်ပုတန်လေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင်၊ သူတို့က မြူခိုးငွေ့များ အကြားသို့ ဝင်သွားခဲ့၍ ဘေးလွတ်ရာကို ရှောင်တိမ်းသွားခဲ့၏။ ပြီးတာနှင့် မြူခိုးငွေ့များအား အကာအကွယ်ယူကာ၊ တန်ပြန်တိုက်ခိုက်ခြင်းများကို ပြုလုပ်ကြသည်။ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးကြောင့်သာ မဟုတ်လျှင်၊ သူသည် အောက်စည်းသို့ ရောက်နေခဲ့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မှော်စွမ်းအင် လှုပ်ရှားမှုတစ်ခုသည်၊ လေဟာနယ်ကို ဖြတ်တောက်ကာ ရောက်ရှိလာခဲ့သည်။ သူသည် လွန်စွာ အားကောင်းခြင်း မရှိသော်လည်း၊ အစိမ်းရောင် မြူခိုးငွေ့များသည် စတင်တုန်ခါလာခဲ့ကာ ပြိုကွဲတော့မည့်ပုံ ပေါက်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now