အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း

424 60 1
                                    

အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း

လင်းဖုန်းသည် သူ၏ အဆောင်အတွင်း၌သာ ထိုင်နေခဲ့ကာ မလှုပ်ရှားခဲ့ချေ။ သို့သော်လည်း သူ၏ အာရုံတို့ကို ရှောင်ယန်တို့ဆီတွင် စူးစိုက်ထား၏။

စိတ်လှုပ်ရှားလွယ်သော်လည်း အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သည့် ရှောင်ယန်ကို ကြည့်လိုက်ကာ သူ၏ ခံစားချက်များမှာ ပြင်းထန်လာခဲ့သည်။

သုံးနှစ်တိုင်တိုင် မဆုတ်မနစ်သော ဇွဲလုံလတို့နှင့် သည်းခံစောင့်ဆိုင်းမှုတို့သည် ယခု ရှင်းယွင်တောင်ထိပ်သို့ ခရီးအတွက် မဟုတ်ပါလော။

ဒီတစ်ခေါက် တိုက်ပွဲသည် ရှောင်ယန်ကို အောင်မြင်မှု လမ်းကြောင်းပေါ်ကို စတင်ကာ ဒဏ္ဍာရီ ဖြစ်စေမည့် ခရီးလမ်း၏ အစဖြစ်သည်။

လင်းဖုန်းသည် အလင်းဓားမြန်ဂိုဏ်း၏ ရည်ရွယ်ချက်ကို အတိအကျ သိနေခဲ့သည်။ သူတို့၏ အဓိကတိုက်ပွဲ မတိုင်ခင်၊ ရှောင်ယန်၏ စိတ်ဓာတ်ကို သူတို့ဂိုဏ်း၏ ပါရမီရှင်များဖြင့် ရိုက်ချိုးချင်နေခြင်း ဖြစ်သည်။

သို့သော်လည်း လင်းဖုန်း၏ မျက်လုံးထဲတွင်၊ ထိုအရာသည် အချည်းနှီးဖြစ်၏။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် သူတို့နှင့် အဆင့်တူသော အခြားမည်သူ့ကို မဆို ကျော်လွှားရန် ပြဿနာ မရှိချေ။ သူတို့သည် သက်သေပြထားပြီး ဖြစ်ကာ၊ အပိုကြွားပြောနေခြင်း မဟုတ်ချေ။

လင်းဖုန်းက အလင်းဓားမြန်ဂိုဏ်းမှ တပည့်များကို ကြည့်လိုက်ကာ သနားသော အပြုံးဖြင့် ပြုံးလိုက်သည်။ "ငါတို့က မင်းတို့ရဲ့ ယုံကြည်မှုတွေကို လုံးဝ မရိုက်ချိုးမိပါဘူးလို့ မျှော်လင့်ပါတယ်ကွာ"

ယနေ့ရှောင်ယန်သည် သူနှင့် မုယုံယန်ရန်တို့၏ အချိန်းအချက် တိုက်ပွဲကို မည်သူကမှ အနှောက်အယှက်ပေးခြင်း၊ နှောင့်နှေးအောင်လုပ်ခြင်းတို့ကို လက်ခံမည် မဟုတ်ချေ။

ချုံးယွင်မင်းသားလည်း အပါအဝင် ဖြစ်၏။

အဆင့်အတန်းနှင့် ဆိုရသော်၊ သူသည် မဟာချင် အင်ပါယာ၏ အိမ်ရှေ့မင်းသား ဖြစ်၏။ ကျင့်ကြံမှု အဆင့်နှင့် ဆိုရသော်၊ သူသည် အခြေတည် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ ဖြစ်၏။ စွမ်းအားအနေနှင့် ဆိုရသော်၊ သူတွင် အစောင့်အရှောက်အနေနှင့် မှော်ရတနာ တစ်ပါးရှိ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now