အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ

428 64 0
                                    

အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ

လင်းဖုန်းသည် အနားတွင် မရှိနေသော်လည်း၊ သူသည် ဟော်ချန်းထွက်ခွာမသွားခင် ပြောသွားခဲ့သည့် သရော်လှောင်ပြောင်သည့် စကားကို ပီပီသသကြီး ကြားလိုက်ရသည်။

သူ၏ မှတ်ချက်မှာ : မင်းက မမှားပေမဲ့၊ မင်းက အသေဆိုးနဲ့ သေရလိမ့်မယ်။

အမှန်အတိုင်း ပြောရမည် ဆိုလျှင် ဟော်ချန်း၏ ဝမ်လင်းအပေါ် သရော်လှောင်ပြောင်မှုသည် အကျိုးအကြောင်း ဆီလျှော်ပေသည်။ ဝမ်လင်းသည် ပုံမှန်အားဖြင့် မည်မျှပင် တည်ငြိမ်သည် ဆိုသော်ငြားလည်းပဲ၊ ထိုအဆိုကြောင့် အမျက်ထွက်သွားမည်မှာ ဧကန်မုချပင် ဖြစ်၏။

သူနှင့် ရှောင်ယန်၊ ဇူရီနှင့် ရှောင်ပုတန်လေးတို့၏ အကြားမှ ကြီးမားလှသော ကွာခြားချက်သည်၊ ဂိုဏ်းသို့စဝင်ပြီးကတည်းက ဝမ်လင်း၏ အကြီးကျယ်ဆုံး ခေါင်းကိုက်စေသည့် အရာပင်ဖြစ်သည်။

လင်းဖုန်း၏ လက်ရှိ လက်ရင်းတပည့် ခြောက်ယောက်အနက်၊ ရှောင်ယန်တို့ သုံးယောက်မှ လွဲ၍၊ ယွဲ့ဟုန်ယန်သည် အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ယန်ချင်သည်လည်း သူ၏ စိတ်ဝိညာဉ် တာဝါအား ထူထောင်ပြီးကာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဒါတွေသည် ဝမ်လင်းအား အလွန်အမင်း ခွကျသော အခြေအနေသို့ ရောက်ရှိစေခဲ့၏။

သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှ လူများအားလုံးသည်၊ ဝမ်လင်း၏ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာ မြင့်မားလှသည်ကို သိထားကြ၏။ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့သည် သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်သော်လည်း၊ အမှန်တကယ် တိုက်ခိုက်ကြမည် ဆိုလျှင် အနိုင်အရှုံးကို လွယ်လွယ်ကူကူဖြင့် ဆုံးဖြတ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ပြဿနာမှာ ပြင်ပလူများကို ထိုကဲ့သို့ မမြင်ခြင်း ဖြစ်သည်။ သူတို့မြင်သည်မှာ ဝမ်လင်းက လင်းဖုန်း၏ တတိယတပည့် ဖြစ်သော်လည်း၊ သူသည် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now