အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ

436 56 0
                                    

အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ

လဲ့ဖုန်းဆရာတော်က ဒီရောင်စဉ် ခုနှစ်သွယ် ငှက်မွေးယပ်တောင်ကို ထုတ်လိုက်တော့... မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူရဲ့ မျက်နှာ အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ဒီငှက်မွေးယပ်တောင်ဟာ ကြည့်ရသာ သာမန်ပဲလို့ ထင်ရပေမယ့်... သူဟာ တောက်ပလှတဲ့ အလင်းတန်း ခုနှစ်သွယ်နဲ့ လင်းလက်နေခဲ့ပြီး... အရောင်ခုနှစ်မျိုးရှိတဲ့ အလင်းတန်း စက်ဝိုင်းတွေကို... အလွှာလိုက် ဖွဲ့စည်းထားတာပါ... သူတို့ရဲ့ အထဲကနေလည်း မြင့်ချည်နိမ့်ချည်နဲ့ တုန်ခါနေတဲ့ မှော်စွမ်းအင်တွေကို ထုတ်လွှတ်နေလို့ပါ။

မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူဟာ ဒီငှက်မွေးယပ်တောင်ကို အရင်က တွေ့ခဲ့ဖူးပါတယ်... ဒါပေမဲ့လည်း အဲ့ဒီအချိန်တုံးက ဒီယပ်တောင်မှာ အလင်းတန်း စက်ဝိုင်းက ခြောက်ခုသာ ရှိသေးတာပါ။

အဲ့ဒီ ရောင်စဉ်ခြောက်သွယ် ငှက်မွေးယပ်တောင်ကတောင်... မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူကို အကြောက်ကြီး ကြောက်စေခဲ့ပြီး... သူ့ဆီမှာ ရှိသမျှ အားအင်စွမ်းရည်တွေ အကုန်သုံးပြီးမှ ခုခံနိုင်ခဲ့တာလေ။

လဲ့ဖုန်းဆရာတော်ဟာ တရားတက်သွားပြီး... နောက်တစ်ဆင့်ဖြစ်တဲ့ ရောင်စဉ်ခုနှစ်သွယ် အလင်းတန်း စက်ဝိုင်းကို ရောက်ရှိသွားလိမ့်မယ်လို့... သူ့ရဲ့အိမ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါဘူး။

တကယ်လို့များ သူ့ဆီကိုသာ တိုက်ခိုက်ခဲ့မယ် ဆိုရင်တော့... မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူဟာ ပြန်လည်ခုခံနိုင်မှာ မဟုတ်ပဲ... အလျှင်အမြန်ပဲ ထွက်ပြေးရမှာသာ ဖြစ်ပါတယ်။

လဲ့ဖုန်းဆရာတော်က ဒီရောင်စဉ် ခုနှစ်သွယ် ငှက်မွေးယပ်တောင်ကို အသုံးပြုပြီး... အားကုန်သုံးကာ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကို... အစွမ်းကုန် ခတ်ချလိုက်ပါပြီ။

ရောင်စဉ် ခုနှစ်သွယ် အလင်းတန်း စက်ဝိုင်းကြီးတွေဟာ တုန်ခါသွားကြပြီး... အဝေးက မှော်ကျိန်စာဆီကို လေပြေလေညင်းလေးပမာ တိုက်ခတ်သွားကြပြီလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now