အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!

407 60 1
                                    

အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!

ချန်ကန်းနဲ့ အပေါင်းပါတို့ဟာ ယုကျင်းတောင်ထိပ်ပေါ်ကို ရောက်ရှိလာခဲ့တာကို တွေ့လိုက်ရတဲ့ အချိန်မှာ... ရှောင်ယန်နဲ့ အပေါင်းပါတို့ဟာ စိတ်ဓာတ်တွေ ပြုတ်ကျသွားခဲ့ပါတော့တယ်။

ဇူရီကလည်း မည်းမှောင်စွာနဲ့... "ဟင်း... ပြိုင်ဘက်ရဲ့ မှော်အိုင်တမ်တွေက အမတန်ကိုမှပဲ အစွမ်းထက်ပြီး... ဆရာသခင်ကလည်း တံခါးပိတ်ပြီး လေ့ကျင်နေသေးတာဆိုတော့... သူ့ရဲ့ မှော်ကျိန်စာ ဝင်္ကပါကို အားမဖြည့်ပေးနိုင်ဘူး။ အခုတော့ ရန်သူတွေက တောင်ပေါ်အထိတောင် ရောက်လာပြီဆိုတော့... အခြေအနေတွေက မကောင်းတော့ဘူး..."

ရှောင်ပုတန်လေးရဲ့ မျက်နှာ သေးသေးလေးကလည်း လေးနက်လာခဲ့ပြီး... ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ... "အင်း... ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ကြီးက အရမ်းကိုပဲ အစွမ်းထက်မဲ့ပုံပဲ... ရန်သူတွေကို သူ့ကို တိုက်ခိုက်အောင် လုပ်ပြီးမှ သူ့ကို ရင်ဆိုင်ခိုင်းရမယ်..."

ဇူရီကလည်း အချိန်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး... "အင်း... ငါတို့က ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ စွမ်းအားအမှန်ကို သေချာမသိရသေးဘူးဆိုတော့... ခန့်မှန်းချက်တွေက လွဲမှားသွားခဲ့ရင်... သစ်ပင်ကြီးကို ထိခိုက်သွားစေလိမ့်မယ်ကွ..."

"ကဲ... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးကြတာပေါ့ကွာ..." ရှောင်ယန်က သူ့ရဲ့ ပါးစပ်ထဲမှာ ဝါးနေတဲ့ မြက်ပင်လေးကို ထွေးထုတ်လိုက်ရင်း... "ဆရာသခင်က သစ်ပင်ထိပ်ပေါ်က ဂူထဲမှာ အောင်းနေတာဆိုတော့... သူ့ကို အနှောင့်အယှက်ပေးလို့ မဖြစ်ဘူးကွ..."

ဝမ်လင်းကလည်း တည်ကြည်လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး... ဇူရီဟာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ... "အင်း... ရန်သူတွေက အရမ်းကို အစွမ်းထက်ကြတာဆိုတော့... ငါတို့က သတိကြီးကြီး ထားမှရမယ်..."

"ဖေးလျှန်? မင်းက ငါ့ရဲ့တပည့် ကောင်းလုံကို သတ်လိုက်တာလား?!"

သူတို့လေးယောက်သားဟာ ခေါင်းချင်းရိုက်နေတုံးမှာ... လဲ့ဖုန်းဆရာတော်ရဲ့ ကျယ်လောင်တဲ့ ကျိန်ဆဲသံကို ကြားလိုက်ရပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now