7.19

1.1K 197 6
                                    

Unicode

လုဖန်မိန် သည်သူ့အခန်းကို ဘယ်လိုပြန်ရောက်လာမှန်း မသိလိုက်ပေ။ သူဘယ်လောက်ကြာကြာ ထိုင်နေမိပြီး ဘယ်လောက်ကြာကြာ ဟန်ဆောင်ပြုံးနေမိလဲဆိုတာ မသိပေ။ ဒီကမ္ဘာက သူ့အတွက်တော့ အရမ်းကိုကွာခြားလွန်းပြီး မှောင်မိုက်နေသည်။

သူ့အခန်းတံခါးကုိ ပိတ်လိုက်ရင်း သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အားနည်းစွာ ပြိုလဲသွားသည်။ လုဖန်မိန် ရဲ့လက်‌ေတွက တုန်ခါနေရင်း သူ့မျက်နှာကို ထိတွေ့လိုက်ကာ ရုတ်တရက် သူ့မျက်နှာ‌တွင် စိုစွတ်နေတာကို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းက တုန်ခါနေတာတောင် သူ့မျက်နှာထက်တွင် အပြုံးက တည်ရှိနေပြီး မျက်ရည်ကလည်း ကျဆင်းနေသည်။

ဒါက နာကျင်တယ်... ဒီလိုအရာမျိုးကို သူဘယ်တုန်းကမှ ပုံမဖော်ခဲ့ဖူးဘူး။ ဘယ်ကမ္ဘာပဲဖြစ်ဖြစ် တန်ချင်းရှန် ကသူ့အတွက်ပဲဖြစ်ပြီး ခန္ဓာကိုယ်တိုင်းမှာရှိတဲ့ ဒီစိတ်ဝိဉာဉ်က ဘယ်သူပဲဖြစ်နေပါစေ သူ့ကိုပဲချစ်လာပြီး သူ့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်နေခဲ့သည်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ လုဖန်မိန် မှားနေတယ်ဆိုတာကို ပြသနေသည်။

ဒီကမ္ဘာတွင် သူက အားနည်းသည်။ လုဖန်မိန် တွင်ကျော်ကြားမှုမရှိ၊ အာဏာမရှိပဲ တိုးတက်အောင် ကြိုးစားနေရသည်။ သူက အားနည်းတယ်။ နောက်ပြီး မြေခွေးနတ်ဆိုးလည်း ဖြစ်နေသေးတာက လုဖန်မိန် အတွက် နှိုင်းယှဉ်လို့တောင် မရပေ။

သူ့နှလုံးသားက မျက်ရည်တွေ ကျဆင်းနေတာက လုဖန်မိန် ကိုချောင်းဆိုးစေသည်။ တန်ချင်းရှန် ရဲ့အရမ်းကို လှပပြီး တောက်ပတဲ့အပြုံးမျိုးကို အရင်တုန်းက သူတစ်ခါမှ မတွေ့ဖူးခဲ့ပေ။ တန်ချင်းရှန် ပြုံးနေတာကို သူမြင်ဖူးခဲ့ပေမဲ့ ရှုဝေ့ယွမ် ကိုမြင်လိုက်တာနဲ့ နှိုင်းယှဉ်လို့တောင် မရနိုင်ပေ။ ထိုအပြုံးက တောက်ပပြီး စင်ကြယ်နေကာ တန်ချင်းရှန် ကိုင်ထားတဲ့လူနဲ့ လုဖန်မိန် ကနှိုင်းယှဉ်မရနိုင်ဘူးဆိုတာ တစ်ခါတည်း သူနားလည်လိုက်သည်။

နောက်ပြီး ဒါက အရမ်းကို နာကျင်ရသည်။ လုဖန်မိန် အပြုံးက အရင်ကအတိုင်း နူးညံ့နေတာတောင် သူ့နှလုံးသားထဲက နာကျင်နေပြီး ငိုကြွေးသံကို ကြားနေရသည်။ ဒါပေမဲ့ လုဖန်မိန် ကဆက်လက် နာကျင်နေပေမဲ့ သူ့ပုံစံကို ထိန်းသိမ်းထားဖို့ ဆက်ကြိုးစားနေခဲ့သည်။
အခုတော့ သူက လဲကျနေပြီး သူ့ခေါင်းကလည်း ကိုက်ခဲနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now