Extra 4

1K 116 2
                                    

Unicode

စမ်းသပ်ခန်းတွင် ဓာတ်ခွဲခန်းကုတ်ကို ဝတ်ထားသည့် အမျိုးသမီးက ရှိနေသည်။ သူမက လက်ထဲတွင် Breaker ကိုကိုင်ထားပြီး သူမက မျက်မှန်ကို တပ်ထားကာ Breaker အား cylinder ထဲထည့်လိုက်ချိန်တွင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်လာမှုမှ ကာကွယ်ထားခဲ့သည်။ ဂရုတစိုက် ကြည့်နေပြီး သူမက ဘေးဘက်တွင် ပစ္စည်းတွေကို ချထားကာ စမ်းသပ်ခန်းကို လိုက်ကြည့်လိုက်သည်။

တိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေမှုကို သူမ မုန်းတီးသည်။ သူမရဲ့အညိုရောင် မျက်လုံးတွေက စက္ကန့်အနည်းငယ်လောက် စိတ်မကျေနပ်မှုက ပေါ်သွားခဲ့သည်။ သူမက သက်ပြင်းချလိုက်သည်။

“မစ္စဂျီ?”

ထိုအသံကို ကြားလိုက်ပြီး ဂျီဆိုးယု ကလှည့်လိုက်သည်။ “ဘာဖြစ်လို့လဲ?” အခုတော့ အရွယ်ရောက်လာပြီး သူမက ကိုယ်ပိုင်အလှရှိနေသည်။ ပါးလွှားသည့် အနီရောင် နှုတ်ခမ်းနဲ့ အနက်ရောင် မျက်လုံးတွေနှင့် သူမရဲ့ရှည်လျားသည့် ရွှေညိုရောင် ဆံပင်တွေက အနောက်ဘက်တွင် ချည်ထားခဲ့သည်။ သူမက အဖြူရောင် ဓာတ်ခွဲခန်းကုတ်အင်္ကျီကို ဝတ်ထားပြီး လက်အိတ်တွေကို ချွတ်လိုက်သည်။

“မစ္စနဲ့ မစ္စတာတို့ ရောက်နေပါတယ်” ထိုလူက ခေါင်းငုံ့လိုက်ပြီး ဂျီဆိုးယု ရဲ့မျက်လုံးတွေကို ရှောင်လိုက်သည်။

ထိုစကားကို ကြားလိုက်ပြီး ဂျီဆိုးယု ကရပ်လိုက်သည်။ အာ။ ဒီလိုအချိန်ကို ထပ်ရောက်လာပြန်ပြီလား? အရမ်းမြန်တာပဲ။ “သူတို့က အရင်အတိုင်း ဧည့်ခန်းကို ခေါ်သွားလိုက်။ ပုံမှန်အတိုင်း လက်ဆတ်တဲ့ အရာအားလုံး ပြင်ပေးလိုက်”

“ဟုတ်ကဲ့၊ မစ္စဂျီ” သူက အလျင်အမြန်ပင် လှည့်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

ဂျီဆိုးယု ကဓာတ်ခွဲခန်းအင်္ကျီကို ချွတ်လိုက်သည်။ သူမ ထွက်သွားခါနီးတွင် သူမလည်းချောင်းမှ တိုးလျသည့် ရှိုက်သံက ထွက်လာခဲ့ပြီး သူမမျက်လုံးတွေကို ပွတ်သပ်လိုကသ်ည်။ God damn it!

နှစ်အများကြီး ကုန်သွားတာတောင် အရင်ကအတိုင်း နာကျင်နေတုန်းပဲ။ သို့သော် သူမ ဒေါသတောင် မထွက်နိုင်ပေ။ သူမကို ချစ်ခဲ့ပြီး သူမကလည်း ချစ်ခဲ့သည့် သူမအစ်ကိုက သူ့ဘဝကို အလွယ်တကူ အဆုံးသတ်သွားတာကို အပြစ်မတင်နိုင်ပေ။ သူမရဲ့နီရဲနေသည့် မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now