6.11

2.6K 381 3
                                    

Unicode

ဝမ်ဇူဟေး က ချန်းရှုဂျင်း ရဲ့အခန်းအပြင်ဘက်တွင် ရပ်နေပေမဲ့ ဘာမှမလုပ်ပေ။ သူမ ှလှည့်သွားခင် ထိုနေရာမှာ မိနစ်အနည်းငယ်‌ေလာက် ရပ်နေခဲ့ပြီး လုဟောင်ရွယ် အားရှာဖွေရန် အောက်ထပ်ကို ဆင်းလိုက်သည်။ ဖြတ်လျှောက်သွားချိန်တွင် ရှီဆုဖေး ကသူ့အား ဦးညွှတ်လိုက်သည်။

ဝမ်ဇူဟေး ရပ်လိုက်ပြီး သူ့စိတ်ထဲ အတွေးတစ်ခုဝင်လာပြီး လက်ချောင်း‌ေတွက ဘက်စွပ်ကို ထိတွေ့လိုက်သည်။ နောက်ဆံုးတွင် ရှီဆုဖေး ကိုပြန်လှည့်ကြည့်လိုက်ပြီး လှေျာက်သွားလိုက်ကာ ပြောလိုက်သည်။ "ဆုဖေး"

"ဟုတ်ကဲ့ပါ၊ သခင်လေး?" ရှီဆုဖေး ကမော့ကြည့်လိုက်ပြီး သူ့အမိန့်အား စောင့်နေလိုက်သည်။

ဝမ်‌ဇူးဟေး က ရှီဆုဖေး ရဲ့မျက်လုံးကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တောက်ပသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ရှီဆုဖေး က‌မျက်တောင်ခတ်လိုက်ပြီး ဝမ်ဇူဟေး ရဲ့စကားတွေကို စောင့်နေခဲ့သည်။

"လီယင်လွေ့ ကဘယ်သူလဲ?" ဝမ်ဇူဟေး ကမေးလိုက်ပြီး သူ့ရဲ့ အနက်ရောင် လက်စွပ်အညး ပွတ်သပ်နေလိုက်သည်။

"အဲ့ဒါ" ရှီဆုဖေး ကတွန့်ဆုတ်နေပြီး ဝမ်ဇူဟေး ရဲ့မျက်လုံးကို ပြန်ကြည့်လိုက်ချိန်တွင်သူ့ရဲ့တွန့်ဆုတ်‌ေနမှုက ပြိုလဲသွားခဲ့သည်။

"လီယင်လွေ့ ကအရှင်မင်းကြီး သင်ကြားပေးခဲ့တဲ့ သူတစ်ယောက်ပါ။ အရှင်မင်းကြီးက အိပ်စက်ခြင်းကို မဝင်ရောက်ခင်မှာ လီယင်လွေ့ ကိုဆက်ခံသူဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ လီယင်လွေ့ ကငြင်းပယ်ခဲ့ပြီး လူသားမြို့တော်ထဲကို ဝင်နေချင်ခဲ့တယ်"

ထိုစကားကို ကြားလိုက်ပြီး ဝမ်ဇူဟေး ရဲ့မျက်လုံးထဲတွင် ခံစားချက် အရောင်များ ပြောင်းလဲသွား‌ေပမဲ့ တခြားဘာကိုမှ မပြောပေ။ သူက နူးညံ့စွာသာ ပြုံးလိုက်ပြီး ရှီဆုဖေး ကိုပြောလိုက်သည်။ "ကောင်းပြီ၊ မင်းသွားလို့ရပြီ"

ရှီဆုဖေး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ သခင်လေး"

ရှီဆုဖေး ကအဝေးကို လျှောက်သွားသည်နှင့် ဝမ်ဇူဟေး ကပသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ကာ လှည့်လိုက်ပြီး ဘုဟောင်ရွယ် အားရှာရန် အောက်ထပ်ကို ဆင်းလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Waar verhalen tot leven komen. Ontdek het nu