9...

952 122 4
                                    

Unicode

ဖေးချန်းချီ နဲ့ ဖေးရှန့် တို့က အနီးနားတွင် လျှောက်သွားရင်း ဆိုးရွားလှသည့် အသံတွေကို ကြားလိုက်ရသည်။ ဓားချင်းထိခတ်သံတွေကြောင့် ဖေးချန်းချီ ကအဆောင်အား လေထဲကို ပစ်လိုက်ပြီး သူတို့ဝန်းကျင်တွင် အကာက ပေါ်လာခဲ့သည်။

“ဟုန်နွေ့ပျားတူတွေ...” ဖေးရှန့် ကနားထောင်လိုက်ရင်း သူတို့နဲ့သိပ်မဝေးသည့် အကွာအဝေးမှ ဆူညံသံတွေကို ကြားလိုက်ရသည်။

လူတွေပေါ်လာဖို့က အချိန်သိပ်မကြာလိုက်ပဲ သူတို့အနောက်တွင် အရိပ်အမဲတွေက ပြေးလိုက်လာကြသည်။ ဖေးချန်းချီ ကမြင်လိုက်ပြီး သူတို့ရှေ့မှလူက အလျင်အမြန်ပင် သူတို့ဆီကို ပြေးဝင်လာခဲ့သည်။ ဖေးချန်းချီ ကခေါင်းညိတ်ပြသည့် ဖေးရှန့် ကိုကြည့်လိုက်သည်။

ဖေးရှန့် ကတခြားကျင့်ကြံသူတွေဆီ လျှောက်သွားပြီး သူတို့အား ကာကွယ်ပေးနိုင်သည့် အကာအကွယ်ကို ပြင်ဆင်လိုက်သည်။ ဖေးချန်းချီ ကလက်ထဲတွင် ပိုင်ဟေး ကိုကိုင်ထားရင်း ဟုန်နွေ့ပျားတူတွေဆီ လျှောက်သွားခဲ့သည်။

ပျားတူတွေရဲ့ ထုထည်က ငှက်တွေလောက် ကြီးမားသည်။ သူတို့ကိုယ်တွင် အနီရောင် အစင်းကြားတွေရှိပြီး သူတို့ပါးစပ်တွေက ထက်ရှသည့်သွားနှင့် ရှည်လျားသည့် အဆိပ်စွယ်တွေ ရှိသည်။ အများစုကတော့ ဆေးပင်ကြောင့် ခရီးသွားကြပြီး ဒီကိစ္စမျိုးကို သိပ်နားမလည်ကြပေ။

ဖေးချန်းချီ ကသူတို့အားလုံးကို သတ်ပစ်ဖို့က မခက်ခဲတာကို သိသည်။ ဟုန်နွေ့ပျားတူတွေက ရာချီ၊ ထောင်ချီစုပြီးမှ သွားလာတက်ကြသည်။ သို့သော်လည်း ဖေးချန်းချီ မျက်နှာတွင် ထိတ်လန့်မှု မရှိပဲ ပိုင်ဟေး ကိုကိုင်ထားပြီး လွှဲလိုက်သည်။ တစ်ချက်လွှဲလိုက်သည်နှင့် ဟုန်နွေ့ပျားတူ တစ်ဒါဇင်လောက်က မြေပြင်ပေါ် ကျသွားကြပြီး သူတို့ကိုယ်တွေက ထက်ဝက်ပိုင်းသွားသည်။

ဖေးချန်းချီ ကအခုတော့ ဒီစိတ်ဝိဉာဉ်သားရဲတွေကို အခြေခံပြီး ဒီတောထဲတွင် များပြားစွာ ရှိနေမှာကို သိနေခဲ့သည်။ သူတို့ကို အလွယ်တကူ လှည့်ဖျားနိုင်ပြီး ဒီပျားတူတွေက အလွယ်တကူ ကြောက်တက်တာကို ဖေးချန်းချီ ကသိသည်။ ပျားတူတွေက သူတို့ရဲ့သေဆုံး ခန္ဓာကိုယ်တွေအား မြင်လိုက်ပြီးနောက် ပြန်ဆုတ်သွားလိမ့်မည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now