7.28

1.1K 173 12
                                    

Unicode

“အရာအားလုံး အဆင်ပြေသွားအောင် ငါ့ကိုပဲ သတ်လိုက်သင့်တယ်” ချီလုံဟိုင် က ရန်ဒူလွမ် ကိုအေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ သူ့နှလုံးသားက နာကျင်မှုက သူ့ကို အားနည်းစေသည်။ သူက ထောင်ထဲတွင် ထိုင်နေရင်း နာကျင်မှုတွေနဲ့ ရင်းနှီးနေသည့် မျက်နှာကို ကြည့်လိုက်သည်။

“လုံဟိုင်၊ ကျွန်တော် ရှင်းပြပါရစေ” ရန်ဒူလွမ် ကသူ့လက်ကိုကိုင်ပြီး အမှန်တရားကို ပြောပြလိုက်ချင်သည်။ သို့သော် ထုတ်မပြောနိုင်သည့်အရာက သူ့ဆီတွင် ရှိနေတာကြောင့် ချီလုံဟိုင် ကိုနာကျင်စေပေမဲ့ သူ မရှင်းပြနိုင်ပေ။ ရန်ဒူလွမ် က ချီလုံဟိုင် ကိုသစ္စာမဖောက်ပါဘူးလို့ ပြောခဲ့ပေမဲ့ အဆုံးတွင်တော့ သစ္စာဖောက်ခဲ့သည်။

“ဘာတွေ ရှင်းပြချင်လို့လဲ? မင်းက ငါ့ကို သစ္စာဖောက်ခဲ့တာပဲ။ တစ်ချိန်လုံး ငါ့ကို လိမ်ညာနေခဲ့တာမလား? ဒူလွမ်၊ ဒါက ငါ့အမှားတွေပဲ၊ မင်းကို ယုံကြည်ခဲ့မိတာက ငါ့အမှားပဲ။ ရှင်းပြဖို့မလိုဘူး၊ မင်းက အမှန်တရားကို ပြပြီးပြီပဲ” ချီလုံဟိုင် ရဲ့စကားလုံးတွေက ထက်ရှနေပြီး ရန်ဒူလွမ် ကိုနာကျင်စေသည်။

သူ့နှလုံးသားထဲတွင် ရန်ဒူလွမ် သိနေခဲ့သည်။ ချီလုံဟိုင် ကသူ့ကို မုန်းတီးနေတာက အမှန်တရားပင်။ ဒီအကြောင်းကို နားလည်လိုက်ပြီး သူ့နှလုံးသားက စိတ်သက်သာရာရသွားသည်။ ဒီကိစ္စဖြစ်ပျက်လာတည်းက သူ့ဘဝလည်း ပြောင်းလဲသွားမယ်ဆိုတာကို ရန်ဒူလွမ် သိနေခဲ့သည်။ ချီလုံဟိုင် က မိုချော ကိုချစ်နေတုန်းပဲ။ ဒါကြောင့် သူက ဒေါသထွက်နေတာပဲ။

ရန်ဒူလွမ် ကသူဘယ်လောက်ပဲ ကြိုးစားပါစေ၊ မိုချော နေရာတွင် အစားမထိုးနိုင်ဘူးဆိုတာ သိနေခဲ့သည်။ ချီလုံဟိုင် ချစ်တဲ့သူက ရန်ဒူလွမ် မဟုတ်ပေ။ သူက မိုချော နဲ့မယှဉ်နိုင်ပေ။

“လုံဟိုင်၊ ကျွန်တော့် အပြုအမူအတွက် တောင်းပန်ပါတယ်။ မိုရှန်း မှာပုန်ကန်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်း ရှိတယ်။ တိုင်းပြည် တိုးတက်ဖို့အတွက် အကောင်းဆုံးကို ကျွန်တော် ရွေးချယ်ခဲ့တာပါ။ လုံဟိုင် က မိုချော ကိုပဲရွေးချယ်မယ်ဆိုတာကို ကျွန်တော်သိနေခဲ့တယ်။ ကျွန်တော် လုပ်ခဲ့တဲ့အရာတွေအတွက်လည်း ပေးဆပ်ရမှာကို သိပါတယ်” ရန်ဒူလွမ် က ချီလုံဟိုင် ရဲ့အေးစက်သည့် ပုံရိပ်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ ထိုလူရဲ့မျက်နှာက ဖြူဖွေးပြီး ဖျော့တော့နေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now