7.22

1.3K 201 2
                                    

Unicode

"ငါ့ကို တောင်းဆိုတာလား?" တန်ချင်းရှန် က မိုချော အနားတွင်ရပ်နေပြီး သူ့မျက်နှာက ‌အတော်လေး အေးစက်နေပြီး တင်းမာနေသည်။ အရင်က သူမသိခဲ့တာတေွ သိခဲ့ရပြီး သူ့နှလုံးသားက စိုးရိမ်နေသည်။ သူ့စိတ်ထဲတွင် သစ္စာဖောက်ခံရတယ်လို့တောင် နည်းနည်းခံစားနေရသည်။

တန်ချင်းရှန် ကအရင်က လုပ်ကြံသတ်ဖြတ်သူက လုဖန်မိန် ကိုထူးဆန်းတဲ့ စကားတွေ ပြောခဲ့တာကို သူမြင်ခဲ့သည်။ ဒါတောင်မှ ဒီလူက သူယုံကြည်ရတဲ့သူ ဖြစ်နေတာကြောင့် သူခေါင်းမာပြီးတော့သာ ဆက်ယုံကြည်နေခဲ့သည်။ အခုတော့ ဒီလူက မြေခွေးနတ်ဆိုး ဖြစ်နေပြီး သူ့အစ်မက သူ့အဖေကို သတ်ခဲ့တဲ့သူလည်း ဖြစ်နေတာကို သိခဲ့ရသည်။ သူ့အဖေအတွက် လက်စားချေချင်ပေမဲ့ လုဖန်မိန် ကိုသူ့အတွက် ခေါ်ထားချင်သည်။ နောက်ပြီး လုယင်ရွဲ့ ကိုလည်း သူ့အဖေရဲ့ သေဆံုးခြင်း အမှန်တရားကို ပြောပြစေချင်သည်။

မိုချော က တန်ချင်းရှန် ရဲ့မျက်နှာကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဝေ့ယွမ် ကပြန်လာပြီလို့ ငါကြားခဲ့တယ်။ ဖန်မိန် ကောဘာတွေ လုပ်နေလဲ?" လုဖန်မိန် အပေါ်ရှိနေသည့် ခံစားချက်တွေကို နားမလည်သည့် တန်ချင်းရှန် နဲ့မတူပဲ မိုချော ကရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ကံမကောင်းစွာပဲ လုဖန်မိန် ချစ်နေတဲ့ လူတစ်ယောက်က တခြားသူ တစ်ယောက်က ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ဖြစ်နေခဲ့တယ်။

"သူထွက်သွားပြီ" တန်ချင်းရှန် ကရိုးရှင်းစွာ ပြောလိုက်ပြီး သူ့မျက်လုံးတွေက လေးလံနေသည်။ သူတခြားအရာကို ထပ်မပြော‌ေပ။ သစ္စာဖောက်ခဲ့တဲ့ လုဖန်မိန် ရဲ့အပြုအမူတွေမှ ဒီအရာတွေက အစစ်အမှန်ဆိုတာကို တန်ချင်းရှန် သိနေခဲ့သည်။ အဆုံးသတ်က မရောက်လာခင်အထိ သူ့ပုံစံအစစ်အမှန်အကြောင်းကို တခြားသူ ဘယ်သူ့ကိုမှ တန်ချင်းရှန် ကသိခွင့်ပြုမှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ကိုယ်ပိုင် ဖြေရှင်းနည်းပဲ၊ တခြားသူအတွက် မဟုတ်ဘူး။

မိုချော က တန်ချင်းရှန် ကဆက်မပြောချင်တာကို သိပြီး ဒီခေါင်းစဉ်ကို ဆက်မပြောတော့ပေ။ "မိုရှန်း ကစလှုပ်ရှားနေပြီ။ ငါနည်းနည်း တူးဆွထားလို့ သူက မြေခွေးနတ်ဆိုးတွေနဲ့ ပူးပေါင်းထားတယ်လို့ သိခဲ့ရတယ်။ သူက ဟုန်အဆောင်နဲ့ အဆက်အသွယ်တချို့ ရှိနေတယ်။ နောက်ပြီး ဟုန်အဆောင် ပိုင်ရှင်က လူတော်တော်များများရဲ့ အချက်အလက်တွေကို သိထားတယ်လို့ ငါထင်တယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now