6.15

2.2K 355 10
                                    


"မင်းကြားပြီးပြီလား? ထင်မိသားစုလဲ သူတို့ရဲ့ ပြစ်မှုတွေကို ရဲတွေက ဖော်ထုတ်ပြီး ပြိုလဲသွားခဲ့တယ်။ အဲ့လိုမျိုး ကျဆုံးသွားတဲ့ မိသားစုထဲမှာ ထင်မိသားစုက စတုတ္ထမြောက်မိသားစုပဲ!"

"မင်းတို့ မသိဘူးလား?။ အဲ့မိသားစုတွေအားလုံးက သူတို့မထိသင့်တဲ့ လူတစ်ယောက်ကို ထိခဲ့လို့ အဲ့လိုမျိုး ပြိုလဲသွားကြတာပဲ။ ချန်းကောပိုရေးရှင်းရဲ့ သခင်လေးက အဲ့မိသားစုအားလုံးကို ဖယ်ရှားပစ်ဖို့ ကူညီခဲ့တယ်လို့ ကြားခဲ့ရတာ"

"ရှူး၊ အဲ့လိုစကားမျိုး မပြောနဲ့။ လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင် ယူဆချက်တွေ ရှိကြပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့က နှုတ်ဆိတ်သွားခဲ့ကြတယ်။ အဲ့ဒီလူကို ဘာမှမလုပ်မိဖို့ စိတ်ထဲမှတ်ထားပါ။ အပြုံး‌ေလးနဲ့ အဲ့လူက ပိုပြီး စမတ်ကျပြီး သူဆန္ဒရှိတဲ့အတိုင်း လူတိုင်းကို ကျရှုံးသွားစေနိုင်တယ်"

"ချန်းကောပိုရေးရှင်းရဲ့ ဥက္ကဌကလဲ အစိုးရအထိ လက်လှမ်းရှည်တယ်။ သူက သမ္မတနဲ့တောင် ဆုံ‌ေတွ့နိုင်တယ်လို့ ကြားခဲ့ရတယ်။ အဲ့ညီအစ်ကိုရဲ့ ဉာဏ်များပြီး သေစေနိုင်တဲ့ အချက်တွေကြောင့် ဂျင်ဘန်းက မိသားစုတွေမှာ အန္တရာယ်ရှိနေပြီ"

"အဲ့ဒါကိုပဲ မျှော်လင့်ထားခဲ့တာ။ အဲ့မိသားစု‌ေတွက များပြားလှတဲ့ ပြစ်မှုတွေရှိနေခဲ့တာကို ဘယ်သူကမှ မဖော်ထုတ်ရဲကြလို့ တိတ်နေခဲ့ကြရတယ်။ အခုတော့ ချန်းကောပိုရေးရှင်းရဲ့ သခင်လေးက ဝင်‌ေရာက်လာခဲ့လို့ လူတိုင်းက သူတို့ရဲ့ ကံတရားအတိုင်း နိဂုံးချုပ်ခံရပြီ"

"ဟမ်.... အာချင်းလို ထူးဆန်းမှုနဲ့ ရင်ဆိုင်ရနေရသလိုပဲ"

ဝမ်ဇူဟေး ကသူ့အိပ်ခန်းရဲ့ အိပ်ရာပေါ် လဲလျောင်းနေပြီး လက်စွပ်ကို ထိလိုက်သည်။ သူ ချန်းရှုဂျင်း ကိုထိ‌ေတွ့ပြီ‌ေနာက် သူ့ရဲ့ထိ‌ေတွ့မှု‌ေတွကို ပိုပြီးလိုချင်လာခဲ့သည်။

သူ အရင်တုန်းက အတွေ့အကြုံ မရှိခဲ့တာ အဆင်ပြေပေမဲ့ အခုတော့ သူ့မှာရှိလာခဲ့ပြီး သူခံစားခဲ့ရသည့် ပထမဆုံး အရသာက ရက်စက်စွာ နိုးထလာခဲ့သည်။ ဝမ်ဇူဟေး သည်ထိုအပေါက်ထဲကို တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်နေပြီး သူ့အား မူးယစ်သွား‌ေစသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Όπου ζουν οι ιστορίες. Ανακάλυψε τώρα