6.4

3.4K 513 3
                                    

Zawgyi

ဝမ်ဇူဟေး က ချန်းရှုဂျင်း အနောက်ကနေ လိုက်သွားခဲ့ပြီး ဇိမ်ခံကားထဲကို ဝင်လိုက်ပြီး ဂနာမငြိမ်ဖြစ်သွားသည်။ သူတို့နှစ်ယောက်က အနောက်တွင် ထိုင်လိုက်ရင်း ဝမ်ဇူဟေး က ချန်းရှုဂျင်း ကိုမြန်မြန် တစ်ချက်ကြည့်လိုက်ပြီး ငုံ့လိုက်ကာ ချိန်းကြိုးကြောင့် နီရဲနေသည့် သူ့လက်ကောက်ဝတ်တွေကို ကြည့်လိုက်သည်။

ချန်းရှုဂျင်း ကသူ့မျက်ခုံးကို ပင့်လိုက်ပြီး သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခုနဲ့အတူ လူငယ်လေးကို ကြည့်လိုက်သည်။

"မင်းမေးချင်တာ တစ်ခုခုရှိလား?"

ဝမ်ဇူဟေး ကထိုမေးခွန်းကို ကြားလိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် နောက်ဆုံးတော့ ပြန်မေးလိုက်သည်။

"အရှင်မင်းကြီး၊ ဘာကြောင့် ကျွန်တော်လဲ?"

ဘာကြောင့် သူတဲ့လား? လေလံပွဲမှာ သူ့ထက် တခြားသူက ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်မရှိတာ သေချာတယ်။

"ဘာကြောင့် ငါမင်းကို ရွေးချယ်ခဲ့တာလဲ?" ချန်းရှုဂျင်း ကသူ့ကို အလင်းတန်းလေးနဲ့ တောက်ပသည့် အညိုရောင် မျက်လုံးကြီးတွေနဲ့ ကြည့်နေသည့် လူငယ်လေးကို ပြန်မေးလိုက်သည်။

"မင်းက ငါ့ကို အလွယ်တကူ သစ္စာဖောက်နိုင်တဲ့ သူနဲ့ မတူတာကြောင့်ပဲ" ဝမ်ဇူဟေး ကဒါကို ဘာပြန်ပြောရမှန်း မသိပဲ သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

တခြားလူတွေအတွက်တော့ ဒီအရာက လက်ခံနိုင်သည့် အကောင်းဆုံး လက်ဆောင်ဖြစ်နိုင်ပေမဲ့ ဝမ်ဇူဟေး အတွက်တော့ ဒီအရာက သူ့အတွက် မထိုက်တန်သလို ခံစားနေရသည်။ ဝမ်ဇူဟေး ဘာတွေးနေလဲဆိုတာကို ချန်းရှုဂျင်း မသိပေမဲ့ ဒါကို သူမကြိုက်တာကို တွေ့လိုက်ရသလို ခံစားနေရသည်။

"ဒါနဲ့ပတ်သက်ပြီး အများကြီး မတွေးနဲ့.... မင်းကို ငါနဲ့အတူ မခေါ်လာခဲ့ရင် တခြားသွေးစုပ်ဖုတ်ကောင်တွေက မင်းကို ခေါ်သွားမှာပဲ။ ငါက မကြာခင်ကမှ နိုးလာခဲ့တာ၊ ငါမသိတဲ့ အကြောင်းတွေ အများကြီး ရှိနေတုန်းပဲ၊ ငါယုံကြည်နိုင်မဲ့ တစ်ယောက်လောက် လိုအပ်တယ်။ မင်းက ငယ်တုန်းပဲ၊ ဒီအရွယ်မှာ မင်းက ငါ့အနောက်ကို လိုက်ပြီး သွေးစုပ်ဖုတ်ကောင်တွေရဲ့ အကြောင်းတွေကို သင်ယူသင့်တယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now