27...

852 118 6
                                    

Unicode

စုလျန်ဟေး ကဇာတ်ကြောင်းကို ပြောပြနေရင်း တည်ငြိမ်နေခဲ့သည်။ “ငါ့စွမ်းအားတွေနဲ့ ငါတက်နိုင်သလောက် ကာကွယ်ပေးခဲ့တယ်။ များစွာသော သေဆုံးခြင်းကို ကြုံတွေ့ခဲ့ရတာတောင် သူအသက်ရှင်ခဲ့တယ်။ အဲ့ဒါက သူ့ဘဝရဲ့ အလင်းရောင် ဖြစ်လာတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံချိန်တဲ့အထိပဲ၊ အဲ့လူက သူ့ကို ကယ်တင်ခဲ့တယ်။ ဒီလူနဲ့အတူ ဘဝတစ်ခုကို ရှာဖွေဖို့ သူ့မကျေနပ်ချက်တွေကို မေ့လျော့ခဲ့ပြီး သူ့အချစ်ဆုံး လူနဲ့သာ ဘဝတစ်ခု တည်ထောင်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကျင့်ကြံမှုကို ချိတ်ပိတ်ပြီးတော့ သာမာန်လူတစ်ယောက် ဖြစ်လာခဲ့တယ်။ ငါက အဝေးကို တွန်းထုတ်ခံလိုက်ရပြီး သူ့ကို ထပ်ပြီး မကာကွယ်ပေးနိုင်တော့ဘူး” စုလျန်ဟေး ကသက်ပြင်းချလိုက်သည်။

“သူ့ခင်ပွန်းနဲ့အတူ နှစ်ယောက်လုံးက ဖူရွှေဂိုဏ်းမှအတူတူ ပုန်းကွယ်ပြီး နေထိုင်ခဲ့ကြတယ်။ ကံမကောင်းစွာပဲ ငါ့ကတိကို ပြည့်ဝတဲ့အထိ မလုပ်နိုင်ခဲ့ဘူး။ ပိုင်ချန် ရဲ့ခင်ပွန်းက သူ့ကို သစ္စာဖောက်ခဲ့ပြီး တောင်စောင်းကနေ တွန်းချခဲ့တယ်။ အဲ့လူက ဖူရွှေဂိုဏ်းကနေ ပိုင်ချန် ကိုသတ်ပစ်ဖို့ လွှတ်ပေးခဲ့တဲ့သူဖြစ်ပြီး ပိုင်ချန် ကကျရှုံးခဲ့တယ်။ သူ့သေဆုံးခြင်း နီးကပ်သွားချိန်မှာတော့ အဲ့လူရဲ့ အမုန်းတရားတွေက အရမ်းပြင်းထန်သွားခဲ့တယ်၊ နာကျင်မှုတွေကို ငါမတားဆီးနိုင်ပဲ ထွက်လာခဲ့ရတယ်။ သူ့ဘေးမှာ နောက်ဆုံးအကြိမ် ရှိနေတုန်းက သူက သေဆုံးခဲ့ပြီ။ ဒါပေမဲ့ သူက ထပ်ပြီး အသက်ရှင်လာခဲ့တယ်။ ဒါက ကံကြမ္မာပဲ ဖြစ်နိုင်တယ်၊ ဒါကပဲ ပိုဆိုးရွားစေဖို့ ဖြစ်နိုင်တယ်” စုလျန်ဟေး ကအဆုံးသတ်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး မျက်လှည့်ပြသလို လူတစ်ယောက်ရဲ့ ပုံရိပ်က ပေါ်လာခဲ့သည်။

ဖေးချန်းချီ ကချီနဲ့ ဖန်တီးထားသည့် ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ စုလျန်ဟေး ရဲ့မှတ်ဉာဏ်ထဲမှ ပိုင်ချန် ကသာမန် ငယ်ရွယ်သည့် လူငယ်လေး ဖြစ်သည်။ သူ့မျက်လုံးတွေက တောက်ပနေပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးစစ်က ရှိနေကာ သူ့နောက်မှလူကို လှည့်ကြည့်နေခဲ့သည်။ သူ့ကိုယ်တွင် မကျေနပ်ချက်တွေ မရှိပဲ အချိန်တိုင်း သူက တကယ့်ကို ပျော်ရွှင်နေခဲ့သည်။ သို့သော် သူအချစ်ဆုံး လူဆီမှ သစ္စာဖောက်ခံလိုက်ရချိန်တွင် အရာအားလုံး ပျောက်ဆုံးသွားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now