34...

988 121 4
                                    

Unicode

“ဘာဖြစ်ခဲ့လဲ?”

ဖေးချန်းချီ ကလှည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသည့် ဇူးလုံဝမ် ကစိုးရိမ်နေမှုက တည်ရှိနေပြီး သူ့ဆီကို လျှောက်လာနေသည်။ ဖေးချန်းချီ ကပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ “မဖြစ်ပါဘူး၊ အရေးကြီးတာလိုတော့ ပြောလို့မရဘူး။ ဒါက... မကြာခင် ငါတို့ ပိုင်ချန် နဲ့တွေ့ရမဲ့ပုံပဲ”

ထိုနာမည်ကို ကြားလိုက်ပြီး ဇူးလုံဝမ် က ဖေးချန်းချီ ရဲ့မျက်လုံးထဲမှ တွန့်ဆုတ်မှုကို နားလည်သွားခဲ့သည်။ သူလျှောက်သွားပြီး ထိုလူရဲ့လက်ကို ကိုင်လိုက်သည်။

ဇူးလုံဝမ် ကသူ့လက်ကို လာကိုင်တာကြောင့် ဖေးချန်းချီ ကရယ်လိုက်သည်။ “မစိုးရိမ်ပါနဲ့၊ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်။ ရာစုနှစ်အများကြီး ကြာသွားတော့ သူလည်း သူ့အမုန်းတရားတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ” ဇူးလုံဝမ် ရဲ့လက်ကို ပြန်ကိုင်လိုက်ပြီး ငုံ့လိုက်ကာ ဇူးလုံဝမ် ရဲ့လက်ကို နမ်းလိုက်သည်။

ရုတ်တရက် အပြုအမူကြောင့် ဇူးလုံဝမ် ကတွန့်သွားပေမဲ့ မရှောင်ပဲ ဖေးချန်းချီ ရဲ့စ,နောက်သည့် အပြုံးဖြင့် မော့ကြည့်နေတာကို မြင်လိုက်ပြီး ဇူးလုံဝမ် ဘာပြောရမှန်း မသိတော့ပေ။

ဖေးချန်းချီ က ဇူးလုံဝမ် ဆီတိုးသွားလိုက်ပြီး သူ့လက်တွေအား ဇူးလုံဝမ် ရဲ့ခါးတွင် ဖက်လိုက်ပြီး သူ့ခေါင်းအား သူ့(ဇူးလုံဝမ်)ရဲ့ ပုခုံးတွင် မှီလိုက်သည်။ ဒါက နှစ်သိမ့်မှုပင်။ ဒီခံစားချက်က သူ့ကို နွေးထွေးစေသည်။ ဇူးလုံဝမ် ကိုပွေ့ဖက်ထားပြီး လွှတ်ပေးဖို့ ဆန္ဒမရှိပေ။

“လုံဝမ်၊ ငါမင်းကို ချစ်တယ်။ ငါအရမ်းချစ်တာ။ ငါ... ရိုးရိုးသားသား ပြောရရင် မင်းကို ချစ်ခဲ့တာ အချိန်အရမ်းကြာခဲ့ပြီ။ ဒါပေမဲ့ ငါ့ခံစားချက်တွေကြောင့် မင်းကြောက်သွားမှာဆိုးလို့ ဖုံးကွယ်ထားခဲ့တာ။ ငါ့အသက်သခင်ကို တွေ့ခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ မင်းက ငါ့အသက်သခင် ဖြစ်နေတာကိုတော့ မသိခဲ့ဘူး။ ငါထုတ်ပြောပြီး မင်းဆီကနေ အမှန်တရားတွေကို ကြားရဖို့ကို အရမ်းကြောက်နေခဲ့တာ၊ နောက်တော့ ငါအရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်” ဖေးချန်းချီ ရဲ့အသံက အက်ရှနေပြီး ဇူးလုံဝမ် ရဲ့နားနားတွင် တိုးလျစွာ ပြောလိုက်သည်။ သူ့နှလုံးသားတွင် ပင့်လို့တောင် မရသည့် လေးလံသည့် ကျောက်တုံးက အမြဲတမ်း တည်ရှိနေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now