2.19.5

14.7K 1.3K 31
                                    

Zawgyi

ဒန်နီရယ် သည်သန့်ရှင်းနေသည့် သင်္ချိုင်းဂူ တစ်ခုရှေ့တွင် တိတ်ဆိတ်ပြီး တည်ကြည်စွာ မတ်တပ်ရပ်နေသည်။ ဆောင်းဦးရာသီတောင် ရောက်လာခဲ့ပြီ၊ လေထဲတွင် သူ့အတိတ်က အကြောင်းတွေက လေနဲ့အတူ ပျံ့လွှင့်လာပြီး သစ်ရွက်တွေလို ကျဆင်းလာသည်။

မိုးကောင်းကင်အောက်တွင် သူ့ပုံစံသည် ဝမ်းနည်းပူဆွေးမှုတွေ၊ အထီးကျန်မှုတွေနဲ့ ပြည့်နေပြီး မပြောင်းလဲသွားပဲ ရှိနေသည်။ သူ့အမူအရာက အေးစက်ပြီး တင်းမာနေသော်လည်း သူ့မျက်လုံးများကတော့ နီရဲနေသည်။

သူ့ဘယ်ဘက်လက်တွင် လှပတဲ့လက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထားသည်။ သူ့ရဲ့အလေးလံဆုံး တာဝန်တွေကြောင့် သူ့အဆုတ်မှာ လေတွေကို သက်ပြင်းချကာ ရှူထုတ်လိုက်လေသည်။

သူက ဂရုတစိုက် ဒူးထောက်လိုက်ပြီး “အန်ဒီ, အခုဆို မင်းထွက်သွားတာ တစ်နှစ်ခွဲရှိနေပြီ။ ဒီနေ့က အခြားနေ့တွေလိုပဲ ကိုယ်မင်းဆီ ထပ်ပြီး အလည်လာခဲ့တယ်။ ကိုယ် မရှင်းပြနိုင်သော်လည်း အခုဖြစ်နေတာတွေကို ကိုယ် မပယ်ဖျက်နိုင်ဘူး၊ မင်းဆီကို ဒီလိုမျိုး နေ့တိုင်းလာနေခဲ့တာက ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေပြီ။ မင်း ဘယ်လိုနေလဲ? မင်းထွက်သွားတဲ့နေ့က မင်းနဲ့အတူ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး”

သင်္ချိုင်းအုတ်ဂူ ကျောက်တိုင်ကို ကြည့်လိုက်ပြီး ဒန်နီရယ် ကအပြုံးလေးတစ်ခုကို ထုတ်ဖော်ပြပြီး “ကိုယ် မင်းကိုလွမ်းတယ်။ တကယ်ပဲ လွမ်းနေတယ်။ မင်း သွားတုန်းက ကိုယ့်ကို ပျော်ပျော်ရွှင်ရွှင်နေဖို့ ပြောသွားခဲ့ပေမဲ့ ကိုယ်မထင်ဘူး။ ဘယ်တော့မှ အဲ့လိုလုပ်နိုင်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းက ကိုယ့်အတွက် ပျော်ရွှင်မှုပဲ။ အခု မင်း ကထွက်သွားတော့ ကိုယ်ဘယ်လိုလုပ် ပျော်နေနိုင်မှာလဲ?”

ထိုစကားကိုပြောရင်း သူက တိတ်ဆိတ်သွားပြီး သူ့ရဲ့မျက်နှာမှာ နာကျင်မှုကို ထုတ်ဖော်ပြနေသည်။ “ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မင်းကို စောစောတွေ့ခဲ့ဖို့ ဆန္ဒရှိပါတယ်။ ကိုယ်သာ ရှိနေခဲ့ရင် အရာအားလုံးက ကွဲပြားသွားလိမ့်မယ်၊ ကိုယ်သာရှိနေခဲ့ရင် ဒီနှစ်တွေမှာ မင်းနာကျင်ခံစားခဲ့ရမှာ မဟုတ်ဘူး၊ နောက်ပြီး အခုလောက်ဆို ကိုယ်တို့တွေ လက်ထပ်ပြီးသွားလောက်ပြီ။ ကိုယ်သာ မမိုက်မဲခဲ့ရင် ဒီနှစ်တွေမှာ ကိုယ်တို့အတူကုန်ဆုံးဖို့ အကောင်းဆုံးနှစ်တွေ ဖြစ်လာခဲ့မှာ၊ ကိုယ်သာ မင်းမဟုတ်တဲ့ တခြားတစ်ယောက် မင်းရဲ့အဖေတူ အမေကွဲညီကို မချစ်ခဲ့မိရင် ကောင်းမှာပဲ။ အဲ့ဒါက မင်းကို နာကျင်စေပြီး ကိုယ်က တခြားတစ်ယောက်နဲ့ ချစ်နေတာကို မင်းဘဝတစ်လျှောက်လုံး ကြည့်နေခဲ့တာက မင်းကို နှိပ်စက်နေခဲ့တာပဲ” ဒန်နီရယ် သူ့အမူအရာတွေကို ပြန်စုစည်းဖို့ ခနရပ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now