5.8

3.8K 547 13
                                    

Zawgyi

နာရိဇာဇဲနို ထိတ်လန့်မှုကြောင့် အချိန်အနည်းငယ် မျက်လုံးပြူးသွားပြီး အမူအရာမပြောင်းလဲသည့် တန်ဒိုးရာခိမိ ရဲ့မျက်နှာကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ဘာသာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ အရူးလို့ ခေါ်လိုက်သည်။

တန်ဒိုးရာခိမိ ကိုသူချစ်နေတာက ပြောနိုင်ဖို့ မခက်ခဲပေ၊ ထပ်ပြောရရင် တန်ဒိုးရာခိမိ ကလူတွေရဲ့ အမူအရာတွေကို အရမ်းကို အလေးအနက်ထားသည်။ နာရိဇာဇဲနို သူ့အတွေးတွေနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်ဘူးဆိုတာ သိခဲ့သည်။

ထိုလူကို တစ်ကြိမ်ဆုံးရှုံးပြီးသွားကတည်းက သူ့အတွက် သရုပ်ဆောင်ဖို့က အတော်လေးကို ခက်ခဲလာခဲ့သည်။ သူ့အချစ်တွေအားလုံးကို ထုတ်ပြပြီး စတင်ဖို့ကိုသာ နာရိဇာဇဲနို လိုချင်ခဲ့သည်။

ဒါက မှန်ကန်သည်၊ ဒီကမ္ဘာတွင် တန်ဒိုးရာခိမိ ကငယ်ရွယ်တုန်း ဖြစ်ပြီး သူငယ်ငယ်ကတည်းက သူ့ပတ်ဝန်းကျင်က လူတွေက ကောင်းတဲ့လူတွေ မဟုတ်တာကြောင့် ချစ်မိလာဖို့အတွက် အတော်လေး ခက်ခဲတဲ့အချိန်တွေ ရှိနိုင်ကြောင်းကို နာရိဇာဇဲနို သိခဲ့သည်။

ဒါကြောင့် နာရိဇာဇဲနို ကထိတ်လန့်သွားမဲ့အစား တန်ဒိုးရာခိမိ ကိုကြည့်ပြီး ပြုံးပြလိုက်သည်။

"ငါလုပ်နေတာ အဲ့လိုဖြစ်နေတာလား?"

တန်ဒိုးရာခိမိ က နာရိဇာဇဲနို ကိုစိုက်ကြည့်လိုက်ပြီး မကူညီနိုင်စွာဖြင့် မျက်ခုံးကို ကြုတ်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

"မင်းလုပ်တယ်။ လူတွေက သူတို့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ တခြားသူရဲ့ မျက်လုံးတွေကို ဘယ်သူမှ စိုက်မကြည့်ဘူး။ နောက်ပြီး တခြားသူတွေနဲ့ဆိုရင် မင်းအပြုံးက ခက်ထန်နေပေမဲ့ ငါ့ကိုတော့ အမြဲတမ်း ပြုံးပြခဲ့တယ်။ လူအများကို မင်းက ဒီလိုမျိုး မပြုမူဘူး"

နာရိဇာဇဲနို ကအနည်းငယ် ရယ်မောလိုက်ပြီး သူ့ပုခုံးက လှုပ်ခါသွားသည်။

"ဒါက သိသားနေတာလား?" တန်ဒိုးရာခိမိ ကသရော်လိုက်သည်။ "အတော်လေးကိုပဲ။ အခိတ ကသတိမထားမိတာကို ငါပိုပြီး အံ့ဩတယ်" နာရိဇာဇဲနို ကသူ့ခေါင်းကို ခါလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now