5.16

2.4K 395 3
                                    

Zawgyi

ဂျပန်ရိုးရာအိမ်အတွင်းတွင် အမျိုးသားနဲ့ အမျိုးသမီးတွေက ဒူးထောက်ပြီး ထိုင်နေခဲ့ကြသည်။ သူတို့အနောက်တွင် မတ်တပ်ရပ်နေကြသည့် တခြားလူတွေလည်းရှိပြီး သူတို့အားလုံးက အနက်ရောင် ဝတ်စုံနဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ထားကြသည်။
သူတို့က ဒီအခန်းထဲက လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ရံတော်တွေ ဖြစ်ကြသည်။ အခန်းရဲ့ အရှေ့မှာ ထိုင်နေတဲ့လူကတော့ သူ့အသက်က ၆၀ လောက်ပဲ ရှိသေးသည်။ သူက ယုခတလို့ ခေါ်တဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ့ဆံပင်က အနက်ရောင်တွင် အဖြူနဲ့ မီးခိုးက ရောနှောနေသည်။ သူ့ဘေးဘက်စီတွင် ကိုယ်ရံတော် နှစ်ယောက်ရှိသည်။ သူ့မျက်နှာတွင် ဘယ်ကနေ ညာအထိ ဖြတ်နေတဲ့ အမာရွတ် နှစ်ခုလည်းရှိသည်။

သူက တင်းမာသည့် မျက်နှာနဲ့၊ သူ့ခြေထောက်ကို တင်ပလျင်ခွေ ထိုင်ထားပြီး သူ့လက်တွေကို သူ့ရှေ့ကာ စားပွဲပေါ်တွင် တင်ထားသည်။ သူ့နာမည်ကတော့ တန်ဒိုးနာအိုခိ ဖြစ်ပြီး တန်ဒိုးအိမ်တော်ရဲ့ အရင်က ခေါင်းဆောင်ဖြစ်ပြီး တန်ဒိုးရခူဇာဂိုဏ်းနဲ့ ထိတ်တန်းအဖြစ် တည်ထောင်ခဲ့သူဖြစ်သည်။

အခန်းထဲတွင် အမျိုးသမီး နှစ်ယောက်နဲ့အတူ အမျိုးသား လေးယောက်ရှိသည်။ တန်ဒိုးအီးချီ ကအခုလက်ရှိတယ် အိမ်တော်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး တန်ဒိုးရာခိမိ ရဲ့အဖေဖြစ်သည်။

သူ့ဘေးတွင် ရှီရူဆာခူရာ ဖြစ်ပြီး လက်ရှိဇနီး၊ တန်ဒိုးရာခိမိ ရဲ့မိထွေးဖြစ်သည်။ သူ့အနောက်တွင် တန်ဒိုးရာခိမိ ရဲ့သွေးမတော်သည့် အစ်ကို၊ အိုတရှီဟိဒဲအို ကထိုင်နေခဲ့သည်။

ဆံပင်တွေကို ကျက်သရေရှိစွာဖြင့် ဆံထိုးနဲ့ ချည်နှောင်ထားပြီး စိုက်ကြည့်နေသည့် အမျိုးသမီး တစ်ယောက်လည်းရှိသည်။ သူမနှုတ်ခမ်းနားတွင် မှဲ့ရှိသည်။ သူမနာမည်ကတော့ တန်ဒိုးယူအီ ဖြစ်ပြီး တန်ဒိုးရာခိမိ ရဲ့အန်တီ ဖြစ်သည်။

သူမက လက်မထပ်ရသေးပဲ အသက်က ၂၀ စွန်းစွန်းသာ ရှိသေးသည်။ အခန်းထဲတွင် တခြားအမျိုးသား နှစ်ယောက်လည်းရှိပြီး သူတို့နှစ်ယောက်လုံးက တန်ဒိုးအိမ်တော်နဲ့ ဘာမှမပတ်သက်ပေမဲ့ တန်ဒိုးနာအိုခိ နဲ့ရင်းနှီးကြသည်။
အခန်းထဲတွင် တိတ်ဆိတ်နေပြီး တန်ဒိုးနာအိုခိ က ရှီရူဆာခူရာ နဲ့ အိုတရှီဟိဒဲအို တို့ကို ကြည့်လိုက်ပြီးနောက် တန်ဒိုးအီးချီ ကိုမျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။ သူ့အရှေ့စားပွဲတွင် လက်ဖက်ရည် တစ်ခွက်ကရှိနေပြီး ယူလိုက်ကာ သောက်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now