7.14

1.3K 202 5
                                    

Unicode

"မိဖုရားခေါင်ကြီး၊ ဒါက ရုတ်တရက် ဆန်လွန်းမနေဘူးလား?" မိန်ဟွားရမ် ကသူမစိတ်ထဲကအတိုင်း အရင်ဆုံး ထပြောလိုက်သည်။ သူမစကားတွေက အနည်းငယ် ဂရုစိုက်နေသေးသော်လည်း သဘောမတူတာက သိသာနေသည်။

ဟွေ့ယင် ကလက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။ "မိန်ဖေး၊ ဧကရီဆိုတဲ့ ငါ့တာဝန်က အရှင်မင်းကြီးကို မျိုးဆက်များစွာ ရှိနေဖို့ပဲ။ ငါက ဒီနန်းတော်ကို ဝင်ရောက်လာကြတဲ့ အမျိုးသမီးတွေရဲ့ ‌ကျွမ်းကျင်ကောင်းမွန်တဲ့ စွမ်းဆောင်‌ရည်တွေကို လေ့လာစောင့်ကြည့်ဖို့ပဲ။ အရှင်မင်းကြီးက အုပ်ချုပ်လာတာ အခုဆိုရင် ငါးနှစ်ရှိပြီ၊ ဒါပေမဲ့ သူ့မှာအမွေဆက်ခံဖို့ ကလေးသုံးယောက်ပဲ ရှိသေးတယ်" ထိုစကားကိုပြောလိုက်ရင်း တိတ်ဆိတ်‌ေနသော အခန်းထဲတွင် သူမရဲ့ ပြင်းထန်သန်မာသည့် အရှိန်အဝါတွေကို မြင်တွေ့နေရသည်။ သူမမျက်လုံးတွေက တောက်ပကာ အေးစက်နေပြီး လိမ္မာပါးနပ်စွာဖြင့် သူမစကားကို ငြင်းဆန်ရဲတဲ့သူ အားလုံးကို စိန်ခေါ်လိုက်သည်။

ရှုလီရုံ ကနောက်ဆုတ်သွားပြီး သိသိသာသာပင် သူမက ပါဝင်ဖို့မရည်ရွယ်ထားပေ။

မိန်ဟွားရမ် ကထိုစကားကြောင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးထဲတွင်လည်း စိုးရိမ်နေမှုကို မြင်တွေ့နေရသည်။

"ဒါက.... အနောက်နန်း‌ေဆာင်ကို ပိုကြီးမားလာစေပြီး ပြဿနာတွေကို ပိုမများလာစေဘူးလား? အမျိုးသမီးတွေ ထပ်ဝင်လာရင် ပြဿနာတွေလည်း ပိုများလာလိမ့်မယ်" ချီမိုင်ကျန်း သည်စိတ်တို‌ေနသည်။ သူမက အနောက်နန်းဆောင်ကို ရောက်ရှိနေတာ အကြာဆုံးဖြစ်ပြီး ကလေးနှစ်ယောက်တောင် မွေးဖွားပေးခဲ့တာတောင် ဟေွ့ယင် လိုမျိုးဆုံးဖြတ်ချက်‌ေတွ လုပ်လို့မရတာကို ဒေါသထွက်သည်။ ဒေါသထွက်‌ပေမဲ့ သူမ အပြုအမူတွေကို ထိန်းသိမ်းလိုက်သည်။

မိန်ဟွားရမ် နဲ့ ရှုလီရုံ တို့က ချီမိုင်ကျန်း ရဲ့စကားတွေကို သတိထားမိပြီး ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ ဟွေ့ယင် ရဲ့ဒေါသက မြင့်မားလာတာကြောင့် မိန်ဟွားရမ် ရဲ့စိတ်အလိုမကျမှုက လျော့ပါးသွားသည်။ ချီမိုင်ကျန်း ကချစ်ခင်မှုကို ကြိုးစားနေချိန်မှာ ဒီလိုမျိုး ထုတ်ပြောလာလိမ့်မယ်လို့ မထင်ထားကြပေ။ သို့သော် ဒါက သူမဆီမှ လုယူခံလိုက်ရတဲ့ အာဏာအတွက် ရှင်းပြနေရုံပင်။ သို့သော် မိန်ဟွားရမ် ရဲ့လှောင်ပြုံးက ပို‌ေတာက်ပလာပြီး သူမဗိုက်အား ပွတ်သပ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now