40...

1.3K 134 5
                                    

Unicode

နေ့အဆုံးတွင် ဖေးရှန့် နဲ့ ဇူးလုံဝမ် တို့က သူတို့ဘာသာ ထွက်လာကြသည်။

အခန်းထဲတွင် ချန်းလီဟွေ့ ကခုံပေါ်တွင် ထိုင်နေပြီး ဇူးလုံဝမ် ကိုစကားပြောနေကာ ဇူးလုံဝမ် ကဂရုတစိုက်ဖြင့် နားထောင်နေခဲ့သည်။

စွန့်ပစ်ခံရမှုကြောင့် ဖေးချန်းချီ နဲ့ ဇူးရုံ တို့ကတိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေခဲ့ပြီး သူတို့ရဲ့ စိတ်ဓာတ်ကျမှုကို မြိုချလိုက်သည်။

ဖေးချန်းချီ က ဇူးရုံ ကိုစိုက်ကြည့်လိုက်သည်။ “ကောင်းကင်ကနေ ဘယ်လိုထွက်လာခဲ့တာလဲ?” ဇူးရုံ ကမီးနတ်ဘုရားဖြစ်ပြီး ကျောက်စိမ်းဧကရာဇ်ရဲ့ အယုံကြည်ရဆုံး လက်အောက်ခံ ဖြစ်တာကြောင့် ဘယ်လောက်တောင် အလုပ်များလည်းဆိုတာကို ဖေးချန်းချီ သိသည်။ ထိုလူက သူ့လက်တွေနဲ့ ကာကွယ် စောင့်ရှောက်ပေးရတာကိုတော့ ထည့်ပြောစရာ မလိုပေ။

ဇူးရုံ ကသူ့စကားကြောင့် ပြုံးလိုက်ပြီး သူ့လက်ချောင်းတွေကို ရုတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ “သူ့ကို ခြိမ်းခြောက်ခဲ့တာ။ အင်း၊ အဲ့လိုပြောတာထက် ငါသူနဲ့ ညှိနှိုင်းခဲ့တာ။ နောက်ပြီး ငါနဲ့ ကျောက်စိမ်းဧကရာဇ်က သိခဲ့ကြတာ အချိန်ကြာပြီလေ။ ဒီလောက်နှစ်တွေ အကြာကြီး ငါ့နေရာကို ကောင်းကောင်း လုပ်နိုင်တည်းက ငါလည်း အနားယူဖို့ ထိုက်တန်တယ်လေ” သူက သူ့ပုခုံးကို တွန့်လိုက်သည်။

သူက ချန်းလီဟွေ့ ကိုကြည့်လိုက်ရင်း သူ့မျက်လုံးတွေက နူးညံ့သွားခဲ့သည်။ “အမှန်တိုင်း ပြောရရင် မင်းအမေနဲ့ ငါမတွေ့ခင်က ငါ့ဇနီးက သာမန်ပဲ” ဇူးရုံ က ချန်းလီဟွေ့ ရဲ့ရယ်သံကို ကြားလိုက်ပြီး ရယ်လိုက်သည်။ “သူမအတိတ်ကို ငါဂရုမစိုက်ခဲ့ဘူး။ သူမကို ငါ့အပိုင်ပဲ ဖြစ်လာစေချင်ခဲ့တာ”

“သူမက အများကြီး ဖြတ်ကျော်ခဲ့ရတယ်။ အမေက အများကြီး ခံစားခဲ့ရတယ်။ ဒါကြောင့်ပဲ မင်းနဲ့ဆန့်ကျင်ဖို့ ငါဘာမှ မပြောခဲ့တာ။ မင်းက ခြားနားတယ်။ မင်းနဲ့ဆိုရင် သူမလည်း ပိုပျော်ရွှင်ရလိမ့်မယ်" ဖေးချန်းချီ ကသူငယ်ငယ်က မှတ်ဉာဏ်ကို ပြန်တွေးလိုက်မိသည်။ အရင်က ချန်းလီဟွေ့ ကသန်မာသလို ခေါင်းမာသည်။ အခုအတိုင်းပင်။ သူမဘေးတွင် ဇူးရုံ ရှိလာပြီး သူမတွင် များပြားသည့် အနှောင့်အယှက်တွေ မရှိတော့ပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now