3.17

5.7K 810 4
                                    

Zawgyi

“အဖေ၊ ပါး” ဗစ်တာ ကလမ်းလျှောက်ဝင်လာပြီး ခေါ်လိုက်သည်။ အယ်လန် နဲ့ ရိန်း တို့က တစ်ဖက်စီမှာ ထိုင်နေပြီး စာရွက်အချို့ကို ကြည့်နေကြကာ ဗစ်တာ ရဲ့အသံကို ကြားလိုက်တာကြောင့် လှည့်လာကြသည်။

ရိန်း ကချက်ချင်း တုန့်ပြန်ပြီး သူ့စာရွက်တွေကို ချလို ယက်ကာ မတ်တပ်ရပ်လိုက်ပြီး ဗစ်တာ ဆီကို ပြေးလာကာ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ တုန်ခါနေတဲ့ အသံနဲ့ ပြောလိုက်သည်။

“မင်းပြန်လာပြီ” အဲ့ဒါက စိတ်သက်သာရာရမှု အပြည့်အဝ ပါဝင်နေသည်။

“ကျွန်တော် ပြန်လာပြီ၊ ပါး၊ ကျွန်တော် ပြောခဲ့သားပဲ လုံခြုံပါမယ်လို့လေ” ဗစ်တာ ကထိုစကားကို ပြုံးပြီးပြောလိုက်သည်။ ရိန်း ရဲ့မျက်လုံးထဲမှာ စိုးရိမ်နေမှုတွေ ရှိနေသေးတာကို တွေ့နိုင်သည်။

“အဖေ၊ ဘယ်လို အခြေအနေရှိလဲ?” ရိန်း ကသူ့ကို လွှတ်လိုက်တာကြောင့် ဗစ်တာ ကမေးလိုက်ပြီး သူတို့က အယ်လန် ဆီကို လျှောက်သွားလိုက်သည်။ အယ်လန် ကပြောလိုက်သည်။

“မင်းသိပြီးသား မှတ်လား?” သူ့ရဲ့ မျက်ခုံးကို တွန့်ပြီး ပြောလိုက်သည်။ ဗစ်တာ ကရယ်ကျဲကျဲ အသံက ထွက်သွားပြီး “ကျွန်တော် သူ့ကိုပဲ ကူညီခဲ့တာပါ၊ သူအောင်မြင်လား၊ မအောင်မြင်ဘူးလား ဆိုတာတော့ ကျွန်တော် မသိဘူး။ ဘုရင့်နေရာကို ရဖို့ ကျွန်တော် သူနဲ့ သူ့ညီကို အားလုံးပေးခဲ့တယ်၊ သူတို့ မလုပ်နိုင်ရင် ကျွန်တော် အံ့ဩမှာ မဟုတ်ပါဘူး” အယ်လန် က ကုလားထိုင်မှာ ထိုင်ဖို့ အချက်ပြလိုက်သည်။

“မင်း Y နိုင်ငံမှာ တွေ့ခဲ့တာတွေ အားလုံးကို ငါ့ကိုပြောပြ” ဗစ်တာ ကခေါင်းကို ညိတ်လိုက်ပြီး သူတွေ့ခဲ့တဲ့ အရာအားလုံးကို ပြောပြလိုက်သည်။ ဘုရင်အာနီးက အဆိပ်မိနေပြီး ကြင်ယာတော် အက်စမီးက ဘုရင့်နေရာကို ထိန်းချုပ်ထားကာ ဘုရင့်ကို ရုပ်သေးရုပ်လို ကြိုးဆွဲပြီး ထိန်းချုပ်နေခဲ့တာ ဖြစ်သည်။

ကြင်ယာတော် လန်နီး ကအချိန်အတော်ကြာထဲက သိခဲ့တာဖြစ်ပြီး သူ့ကို ကူညီခဲ့သည်။ ဘုရင်မတိုင်လင်း ကတော့ သူမ ရဲတိုက်မှာ ထိန်းချုပ်ခံနေရပေမဲ့ သူမက အဆင်ပြေပြီး လုံခြုံနေသည်။ အရာတိုင်းက ပြောဖို့လိုအပ်တာလို့ ဆိုတာပဲ။ ဗစ်တာ ကချစ်ခြင်းတရားကို တွေ့ခဲ့တဲ့အကြောင်းကို ထည့်ပြောရမယ်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now