1.5

28.8K 3K 85
                                    

Zawgyi

ဘာ? ရှုယောင်ဟန် ကအံ့အားသင့်သွားသည်။ သူဘာပြောလိုက်တာလဲ?

“မင်းအခု ဘာပြောလိုက်တာလဲ?” နောက်ဆုံးတော့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး သူ့စိတ်ထဲတွင် မေးနေသော မေးခွန်းတွေကို သူထုတ်မေးလိုက်လေသည်။

“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ ဒါပေမဲ့ မင်းက တခြားလူတစ်ယောက် ရှီလျန် ကိုချစ်နေတာကြောင့် ငါမပြောနိုင်ဖြစ်နေတာ။ မင်း ငါ့ဆီကနေ ပျောက်မသွားခင်  အဲ့ဒီ့ည၊ အဲ့ညက ငါတို့အတူတူ အချိန်ကုန်ဆုံးခဲ့တဲ့ညက ဖြစ်လိမ့်မယ်။ ငါ မင်းကိုပြောပြချင်တယ်။ ဒါပေမဲ့ မင်းတစ်ခုခု လုပ်မှာကို ငါကြောက်တယ်။ ဒီနန်းတော်ရဲ့ ရက်စက်မှုတွေအကြား ငါ့ကိုယ်ထဲက ကလေးလေးကို ဆုံးရှုံးသွားမှာကို ငါကြောက်တယ်။ ငါ့ကလေး ငါတို့ကလေးကို မင်းငြင်းပယ်မှာကို ငါကြောက်တယ်။ မင်း ငါ့ကိုကြည့်ပြီး ငါတို့ကလေးကို မလိုချင်ဘူးလို့ ပြောလာမှာကို မင်းအရင်က ငါ့ကိုမုန်းနေတာထက်ကို ပိုကြောက်တယ်။”

ပိုင်မန်ရှောင် ပြောရင်း သူ့မျက်ရည်တွေက ကျလာလေသည်။ သူ့ဗိုက်ကို ကိုင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ခါနေသည်။

“မင်းမှာ ကိုယ်ဝန်ရှိနေပြီ?” ရှုယောင်ဟန် သူအိပ်မက်မက်နေတာလား၊ အစစ်အမှန်လား ဆိုတာ သူမသိတော့ဘူး။ ဒီလူမှာ သူ့ကလေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီ။

ရှုယောင်ဟန် က ပိုင်မန်ရှောင် ကိုတင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး သူ့လက်ကတော့ ဗိုက်ကိုထိလိုက်ကာ အဝတ်တွေရဲ့အောက်ဘက်က ဗိုက်လေးပူနေတာကို သူခံစားမိသွားသည်။

ရှုယောင်ဟန် ရဲ့လက်ထဲမှာရှိနေတဲ့ ပိုင်မန်ရှောင် ကတော့ငိုပြီးရင်း ငိုနေတော့သည်။

[အမျိုးသားဇာတ်လိုက် ရဲ့ချစ်ခြင်း ရာခိုင်နှုန်း ကအခုဆိုရင် ၆၅% ရောက်ပါပြီ၊ Host မင်းဘာလို့အဲ့လောက်တောင် တော်ရတာလဲ?]

(ငါကလုပ်ငန်းရှင် တစ်ယောက်လေ။ ငါ့မှာသာ လုပ်ဆောင်နိုင်စွမ်းမရှိရင် ငါ့ကုမ္ပဏီ ဒေဝါလီခံသွားရမှာပေါ့။ မင်းယုံယုံ မယုံယုံ ငါက ငါ့မူလကမ္ဘာမှာ စမတ်ကျတဲ့ လူတစ်ယောက်ပဲ)

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Tahanan ng mga kuwento. Tumuklas ngayon