6.1 Till Even Time Ends

7.7K 565 5
                                    

<Unicode>

ဖေးချန်းချီ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

[Host ဆဌမမြောက် ကမ္ဘာကို ရောက်လာခဲ့ပါပြီ။ ဒီကမ္ဘာမှာ မင်းကို ကူညီပေးဖို့ ကျွန်တော့်အတွက် အဆင့်တွေက အရမ်းမြင့်နေတာကြောင့် ကျွန်တော် ပါဝင်ပြီး ကူညီပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒီစကားကို ပြောရတာက Host က Hostကိုယ်က မှတ်ဉာဏ်တွေပေါ်မှာပဲ မှီခိုလို့ရမှာပါ။ ချစ်ခြင်း အတိုင်းအတာ ရာခိုင်နှုန်းကိုတော့ ဖော်ပြနေဦးမှာပါ၊ ဒီလောက်ပါပဲ]

ဖေးချန်းချီ နည်းနည်း စိတ်ရှုပ်ထွေးသွားပေမဲ့ အရင်ကတည်းက ဖေးရှန့် ရဲ့သတိပေးချက်ကို ရခဲ့တာကြောင့် သိထားခဲ့သည်။

(ငါနားလည်ပြီ ဖေးရှန့်၊ ကျေးဇူးပြုပြီး လုံခြုံစွာ နေပါ)

[ကျွန်တော် အဆင်ပြေပါတယ် Host၊ ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်၊ Host ဒီကမ္ဘာက အရာအားလုံးလည်း အဆင်ပြေပြေ ပြီးသွားဖို့ မျှော်လင့်ပါတယ်]

ထိုစကားနဲ့အတူ ဖေးချန်းချီ ခေါင်းထဲတွင် ဒင်ဆိုသည့် အသံကို ကြားလိုက်ပြီး ဖေးရှန့် ထွက်သွားပြီဆိုတာကို သိလိုက်ရသည်။ ဖေးရှန့် ရဲ့ကမ္ဘာမှာရှိတဲ့ အရာတွေက ဘယ်လိုအခြေအနေရှိလဲဆိုတာ သိချင်နေခဲ့သည်။

ဖေးရှန့် ကအလုပ်များပြီး ပြီးခဲ့တဲ့ ကမ္ဘာကတည်းက အချိန်အတော်များများ ထွက်သွားတတ်သည်။ ထိုအကြောင်းကို စဉ်းစားရင်း ဖေးချန်းချီ ရဲ့စိတ်ထဲတွင် အချက်အလက်တွေက ဝင်လာခဲ့သည်။

ဒီကမ္ဘာက တရုတ်နဲ့ တူပေမဲ့ တရုတ်မဟုတ်သည့် နိုင်ငံတွင်ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်တွေ တည်ရှိသည့် ကမ္ဘာဖြစ်သည်။ တည်ရှိနေကြသော်လည်း သွေးစုပ်ဖုတ်ကောင်နဲ့ လူသားတွေက တစ်ဦးနဲ့ တစ်ဦး ဆန့်ကျင်နေခဲ့ကြသည်။

သွေးစုပ်ဖုတ်ကောင်တွေက လူသားတွေကို အစာအနေနဲ့ သတ်ဖြတ်ကြပြီး လူသားတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် သွေးစုပ်ဖုတ်ကောင် မုဆိုးတွေနဲ့အတူ သွေးစုပ်ဖုတ်ကောင်တွေကို သတ်ဖြတ်ကြသည်။

အဓိက ဇာတ်ကောင်ကတော့ လူသားဖြစ်ပြီး ဆူဟီးလျန် ဖြစ်သည်။ ဆူဟီးလျန် ကသာမန် ကောလိပ်ကို တက်ရောက်နေသည့် ကျောင်းသား ဖြစ်သည်။ သူ့တွင် ကောင်းမွန်သည့် အဆင့်တွေရှိပြီး အကွေ့အကောက်လေးတောင် မရှိပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now