14...

820 107 8
                                    

Unicode

ဖေးချန်းချီ ရဲ့မျက်လုံးတွေက ပွင့်လာခဲ့သည်။ သူ့ကိုယ်သူ နိုးနေအောင် ကြိုးစားနေရင်း နောက်ဆုံးတော့ အိမ်တစ်လုံးထဲ ရောက်နေတာကို တွေ့လိုက်ရသည်။

မျက်လုံးတွေ ပြူးသွားပြီး ဖေးချန်ချီ ကသူ့ကိုယ်သူ အိပ်ရာပေါ်မှ ထလိုက်ကာ နာကျင်စွာဖြင့် အသံထွက်သွားခဲ့သည်။

“မင်း အရမ်းမြန်မြန်ကြီး မထ,သင့်ဘူး” ဖေးချန်းချီ ကထိုအသံဆီကို ဆက်ခနဲ့ လှည့်ကြည့်လိုက်သည်။

ရဲရင့်သည့် အမျိုးသား တစ်ယောက်က လျှောက်လာခဲ့သည်။ သူ့အသားက အတော်လေး ဖြူဖွေးပြီး အနက်ရောင် ဆံပင်ရှည်တွေအား ဖဲကြိုးဖြင့် ချည်ထားခဲ့သည်။

သူက သန့်စင်သည့် အဖြူရောင် ဝတ်ရုံကို ဝတ်ထားပြီး သူ့ပုံစံက ရှည်လျားကာ ခြေတံရှည်တွေ ရှိသည်။ သူ့နှုတ်ခမ်းက ပါးလွှာပြီး မျက်လုံးကျဉ်းတွေက စူးရှပုံပေါ်သည်။

သူ့မျက်ခုံးတွေက မျည်းကွေးလိုဖြစ်နေပြီး သူ့အနီရောင် မျက်လုံးတွေက ပိုပြီးတော့တောင် ရှင်းလင်းထင်ရှားနေသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးလေးက ရှိနေပြီး စိုးရိမ်မှုမရှိစွာဖြင့် လျှောက်ဝင်လာခဲ့သည်။

“မင်းက?” ဖေးချန်းချီ ကမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့လက်တွေကို ခါလိုက်သည်။ ဒီလူလား? ဒီလူက သူ့အသက်သခင်လား?

ဖေးချန်းချီ ကထိုလူက သူအသိစိတ် မလွတ်ခင်က ပြောခဲ့သည့် စကားတွေကို ပြန်တွေးလိုက်ပြီး သူ့ခံစားချက်တွေက ပေါက်ကွဲထွက်လာခဲ့သည်။ ထိုလူက ပြုံးလိုက်ပြီး လျှောက်လာကာ ဖေးချန်းချီ ဘေးတွင်ထိုင်လိုက်သည်။

“ငါပဲ။ မင်းဆီမှာ ငါ့တံဆိပ်ပြား ရှိနေသေးတာကို ငါတွေ့ခဲ့တယ်” ဖေးချန်းချီ ကဘယ်လိုခံစားနေရလဲဆိုတာ မသိပေ။ အမြဲတမ်း ဒီလူကို သူရှာဖွေနေခဲ့သည်။ သို့သော် သူ့ကိုရှာတွေ့တော့ တစ်ခုခု မတူကို ခံစားနေရသည်။

“မင်းက တကယ်ပဲ ငါ့အသက်သခင်လား?” သူက ထပ်မေးလိုက်သည်။

“ငါမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ?” ထိုလူက နူးညံ့စွာ ပြန်ဖြေလိုက်သည်။ ဖေးချန်းချီ ကခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ သတိထားစွာဖြင့် မေးလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now