1.11

20.6K 2.3K 15
                                    

Zawgyi

နောက်တစ်နေ့ မနက်မှာတော့ ပိုင်မန်ရှောင် နိုးလာချိန်တွင် ရှုယောင်ဟန် ကမနက်ခင်းညီလာခံကိုပင် သွားပြီဖြစ်သည်။ ပိုင်မန်ရှောင် ကအရာရာတိုင်းအတွက် နည်းနည်းလေးတောင် စိုးရိမ်မနေပေ။

ထိုအစားသူက စိတ်တွေအတော်လေး လှုပ်ရှားနေသည်။ ဒီနေ့က မောင်းမဆောင်ထဲကို ကြင်ယာတော်အသစ် ယုရွှန် ရောက်လာတဲ့ အတွက်ကြောင့် အသေးစားပွဲလေးကို မိုင်လင်း ကစီစဉ်ခဲ့ခြင်းဖြစ်သည်။

ပိုင်မန်ရှောင် ဇာတ်လမ်းတစ်ချို့ ဖြစ်ပျက်လာပြီး စိတ်လှုပ်ရှားစရာတွေ ဖြစ်ပျက်လာတော့မှာကို သူသေချာပေါက်သိသည်။ ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေ တက်ရောက်မဲ့ပွဲမှာ လှပတဲ့အမြင်က ဘယ်တော့မှ အဆုံးသတ်စေမှာ မဟုတ်ဘူး။

ပိုင်မန်ရှောင် ကဒီအရာတွေအတွက် ဇာတ်ကားတွေ တော်တော်များများကနေ ကြည့်ရှုပြီး သင်ယူခဲ့သည်။ တခြားသူတွေ လှပစွာတိုက်ခိုက်နေကြတာကို သူမပါဝင်ပဲ သူတို့ပါဝင် ကပြနေတဲ့ ပြဇာတ်ကို ပိုင်မန်ရှောင် ကဘေးကနေသာ ကြည့်နေဖို့ဖြစ်သည်။

ထိုအရာကပဲ သူ့ကို အချိန်အနည်းငယ်အတွင်းမှာ အတော်လေး ပျော်ရွှင်စေနိုင်သည်။ ကောင်းပြီ၊ ဒါက ဘာမှမဖြစ်ဘူးလို့ မဆိုလိုဘူး။ ဒီကမ္ဘာမှာ သူ့ရဲ့အချိန်တွေကို အသုံးချဖို့ ဆုံးဖြတ်ချက် အမှားတွေကို မလုပ်နိုင်ဘူး။

သို့သော် သူနန်းတော်အပြင်ကို တစ်ခါမှခြေမချဖူးဘူး၊ နောက်ပြီး သူအဲ့လိုလုပ်ဖို့ကို အရမ်းပျင်းလွန်း‌နေသည်။ သူ့စိတ်ထဲမှာ System ကဇာတ်လမ်းတွေကို ပြသတဲ့အခါ သူကြည့်နေရတဲ့အချိန်ကသာ သူ့ကိုစိတ်လှုပ်ရှားမှုတွေကို ရရှိစေတာဖြစ်သည်။

ဒါပေမဲ့ ပိုင်မန်ရှောင် နန်းတော်ကနေ ထွက်လိုက်ပြီဆိုတာနဲ့ သူ့အတွက် အန္တရာယ်များတယ်ဆိုတာကို သူသိသည်။ သူက ကလေးကိုလည်း လွယ်ထားရတယ်။ ဒါကြောင့် သူအရင်ကလို လွယ်လွယ်ကူကူ မလှုပ်ရှားနိုင်ဘူး။ အထူးသဖြင့် ထိုနေရာမှာရှိနေတဲ့ လူအချို့က သူ့ကို ဖယ်ထုတ်ပစ်ချင်နေကြတာလေ၊ ဒါမှမဟုတ်ရင် အနည်းဆုံး သူ့ရဲ့ကလေးလေးကို ဖယ်ရှားချင်နေကြတာ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now