4...

1.1K 160 2
                                    

Zawgyi

“ချန်းချီ!!!”

ဖေးချန်းချီ ကတရားထိုင်နေရင်း သူ့ဝန်းကျင်တွင် များပြားလှသည့် ချီတွေက ဝန်းရံနေသည်။ သူ့ခန္ဓာကိုယ်မှ အလင်းလေးက တောက်ပနေပြီး ဒီရုတ်တရက် အသံကြောင့် သူ့အပြာရောင် မျက်လုံးတွေကို ဖွင့်လိုက်ပြီး ချီတွေက ပျံ့ကျဲသွားသည်။

ထို့နောက် သူ့မျက်နှာထက်တွင် အပြုံးလေးနဲ့ ခေါင်းခါလိုက်သည်။ သူ့ဘဝအသစ်ဖြစ် စတင်လာခဲ့တာ နှစ်ပတ်တာ ကုန်ဆုံးသွားခဲ့သည်။ ထိုကတည်းက လူတိုင်းက သူ့ကို လက်ခံပေးပြီး မိသားစုလို ဆက်ဆံပေးခဲ့ကြသည်။

ထရပ်လိုက်ပြီး ဖေးချန်းချီ ကသူ့ဝတ်ရုံကို ပြင်လိုက်ပြီး အဖြူရောင် ဆံပင်ရှည်တွင် သေးငယ်သည့် သရဖူလေးကို တပ်ထားပြီး အနောက်ဘက်မှ ထိန်းထားခဲ့သည်။

“စီနီယာအစ်မ” ဖေးချန်းချီ ကသူ့အခန်းတံခါးကို ဖွင့်လိုက်ရင်း တောက်ပသည့် မျက်ဝန်းတစ်စုံက သူ့ကို ကြည့်နေခဲ့သည်။ သူ့မျက်နှာချင်းဆိုင်တွင် ကျန့်ဘင်းမေ့ ကရပ်နေပြီး မျက်လုံးတွေက ဝိုင်းစက်နေသည်။

“ဂျူနီယာ မောင်လေးက အခြေတည်အဆင့် ၇ ကိုတောင် ရောက်သွားပြီလား? ဂျူနီယာမောင်လေးက ဘယ်လိုတောင် ပါရမီထူးရတာလဲ?” သူမအသံက ကြည်လင်နေပြီး ထိတ်လန့်မှုတွေနဲ့ ပြည့်နေသည်။ ဖေးချန်းချီ ကပြုံးရုံသာ ပြုံးပြလိုက်သည်။

“ဆရာက ကျင့်စဉ်စာအုပ်အသစ်ကို ကျွန်တော့်ကို ပေးခဲ့တယ်။ နောက်ပြီး စီနီယာအစ်မဖူ နဲ့စီနီယာအစ်ကိုဟုန် တို့ရဲ့ညွှန်ကြားချက်ကိုလည်း ရခဲ့တယ်” ဖေးချန်းချီ ကပြုံးလိုက်ရင်း ရှင်းပြလိုက်သည်။ ကျန့်ဘင်းမေ့ ကထူးဆန်းသည့် ပုံစံဖြင့် မျက်လုံးလှည့်လိုက်သည်။

“ကောင်းပြီ၊ ဖန်ဖန် ကိုမမေးနဲ့။ သူက အများကြီး မကူညီနိုင်ဘူး” ထို့နောက် သူမက အရှေ့တိုးလာပြီး သူမရဲ့ သေးသွယ်သည့် ကိုယ်လုံးလေးက ဖေးချန်းချီ ရဲ့လက်မောင်းနားကို ကပ်လာပြီး ဆွဲလိုက်သည်။

ဖေးချန်းချီ ကသူ့ခန္ဓာကိုယ်အား အဆွဲခံလိုက်ရပြီး ဘာမှပြန်မလုပ်ပဲ ကျန့်ဘင်းမေ့ လုပ်တာကိုသာ ကြည့်နေလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now