5.9

3.3K 516 1
                                    

Zawgyi

အနည်းဆုံးတော့ ကိစ္စတွေ အများကြီး ဆက်ဖြစ်လာမယ်လို့ နာရိဇာဇဲနို မထင်ပေ။ တစ်လကုန်သွားချိန်တွင် တန်ဒိုးရာခိမိ ရဲ့ချစ်ခြင်းက အရမ်းကြီး မြှင့်တက်လာခြင်း မရှိပဲ ၃၆% သာရှိသေးပြီး တခြားကမ္ဘာတွေနဲ့ ယှဉ်ရင် အတော်လေးကို နှေးကွေးနေသည်။

ဒါပေမဲ့ နာရိဇာဇဲနို စိတ်ထဲမထားပဲ ဒါက နှေးကွေးနေရင်တောင် သူနဲ့ နီးကပ်နေရတာကို သူတကယ်ပဲ သဘောကျသည်။ နောက်ပြီး တန်ဒိုးရာခိမိ ရဲ့ပြောင်းလဲခြင်း အသစ်တွေကို မြင်တွေနိုင်တာကြောင့် သူ့ကို ပျော်ရွှင်စေသည်။

မျှော်လင့်ထားသလိုပဲ တခြားဂိုဏ်းတွေက စူးခိရန် ကိုဆက်ပြီး စူးစမ်းနေပြီး နာရိဇာဇဲနို ကိုတော့ ခွင့်ပြုထားခဲ့သည်။ သူက ဘာမှမလုပ်ပဲ သူတို့ကို အချိန်အတော်ကြာ လှုပ်ရှားခွင့်ပြုထားပြီး သူတို့ကို စောင့်ကြည့်နေခဲ့သည်။

သူ့လှုပ်ရှားမှုတွေကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေပြီး တစ်ခါတစ်လေမှာ အချိန်ပိုတွေရှိနေတယ်လို့ နာရိဇာဇဲနို ခံစားမိသည်။ အဲ့အရာကတော့ ဖေးရှန့် ကအလုပ်များနေတာကြောင့် သူ့ဆီကို ပြန်ပြီး သတင်းမပေးခဲ့ဘူး။

ဖေးရှန့် ကသူအလုပ်များမဲ့အကြောင်းကို နာရိဇာဇဲနို ကိုပြောခဲ့ပြီး ဖေးရှန့် ကတခြားကမ္ဘာက အရာတွေနဲ့ သဘောတူ လုပ်ဆောင်ဖို့ ရှိနေတာကို နာရိဇာဇဲနို သိတာကြောင့် ခွင့်ပြုပေးခဲ့သည်။ နာရိဇာဇဲနို သူ့ဖုန်းကို စိုက်ကြည့်လိုက်ရင်း အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"ဇဲနို"

နာရိဇာဇဲနို မော့ကြည့်လိုက်ပြီး အစားအစာနဲ့ မုန့်တွေကို တင်ထားသည့် လင်ဗန်းကို သယ်ကာ သူ့ဆီကို လာနေသည့် တန်ဒိုးရာခိမိ ကိုမြင်လိုက်ရသည်။

တစ်စုံတစ်ခု အသစ်ကိုလည်း သူလေ့လာခဲ့သည်။ တန်ဒိုးရာခိမိ ကအစားအသောက်တွေကို တကယ်ပဲ ကြိုက်နှစ်သက်ပြီး မုန့်တွေကိုလည်း ကြိုက်ကာ သူ့အနှစ်သက်ဆုံး သောက်စရာကတော့ boba လက်ဖက်ရည် အနက်ရောင် ပုလဲလေးတွေနဲ့ လက်ဖက်ရည်တွေကို သောက်ရတာကြိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now