4.4

6.8K 867 6
                                    

Zawgyi

လီရှင်းဝူ လမ်းကို မနှေးမမြန် လျှောက်ပြီး လူတွေက သူ့ကို လှည့်ကြည့်တဲ့အခါ မကြာခနရပ်တန့်လိုက်သည်။ အခုတော့ မြို့ထဲကို ရောက်ရှိလာပြီး ဘယ်အခြေစိုက် စခန်းကိုမှ မသွားရသေးတဲ့ လူတွေရှိနေတုန်းပင်။ တစ်ချို့ကတော့ သူဘယ်သူဆိုတာကို မှတ်မိကြပေမဲ့ ရှေ့ကိုတိုးမလာကြပေ။

ဒါက အမြင်အာရုံတစ်ခုသာပဲ။ အခုတော့ ကမ္ဘာပျက်သွားပြီ၊ သတ်ဖြတ်တာက ပြောတာထက် ပိုပြီးလွယ်ကူနေသည်။ လီရှင်းဝူ က မင်ယောင်ဂျွန် ကိုတာဝန်အရ တွေ့ချင်တာမဟုတ်ပဲ ရှာဖွေလိုက်သည်။ သူက အခုတော့ သူတို့ မျှော်လင့်ထားသည်ထက် ပိုပြီး မြန်မြန် သွားနေတယ်လို့ ဖေးရှန့် ကပြောသည်။

ဒါပေမဲ့ အဲ့ဒါက သူ့ကို မဖမ်းမိလောက်သည်အထိ မမြန်ပေ။ မင်ဂျွန်ယောင် နဲ့ပိုပြီး နီးကပ်လာပြီလို့ လီရှင်းဝူ ပြောနိုင်သည်။ လီရှင်းဝူ ကလမ်းလျှောက်နေရင်း ရပ်လိုက်သည်။

[Host မင်ယောင်ဂျွန် ကကုန်တိုက်ကြီးအတွင်းမှာ ရှိပါတယ်]

လီရှင်းဝူ ကညာဘက်ကို ကြည့်လိုက်ပြီး ရှုပ်ထွေးနေတဲ့ ကုန်တိုက်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်ခုံးကို တွန့်ချိုးလိုက်သည်။

(အထဲမှာလား?)

[ဟုတ်ပါတယ်၊ Host နောက်ပြီး အထဲမှာ ဇွန်ဘီတွေလည်း တွေ့ပါတယ်။ သူတို့က လူတွေလိုပဲ လျင်မြန်စွာ ပြောင်းလဲနေတာကြောင့် သတိထားပါ။ နောက်ပြီး ဇွန်ဘီကို သတ်မယ်ဆိုရင် သူတို့ လည်ပင်းရဲ့ အနောက်ဘက်မှာ အနီရောင်အမှတ်အသားရှိပါတယ်။ အဲ့ဒါက သူတို့ထဲမှာ ရှိတဲ့စွမ်းအားတွေ ဖြစ်ပြီး Host ရဲ့စွမ်းရည်ကို ပိုပြီး တိုးမြှင့်ပေးနိုင်ပါတယ်]

(စွမ်းရည် အကြောင်းပြောရင်းနဲ့ ဖေးရှန့် ငါ့ရဲ့ အဆင့်ကို မင်းစစ်ဆေးပေးနိုင်လား)

[Host ရဲ့အဆင့်က အဆင့်နှစ်ရောက်နေပါပြီ။ မင်းရဲ့ စွမ်းရည်ကို တခြားသူတွေထက် တိုးတက်မြန်စေဖို့ ကျွန်တော် မင်းရဲ့ ခန္ဓာကိုယ်ကို ပြင်ဆင်မှုလေးတွေ လုပ်ပေးထားပါတယ်]

လီရှင်းဝူ ကထိုအကြောင်းကို ကြားပြီး ပြုံးလိုက်သည်။ အဆောက်အဦကို နောက်ထပ်ထပ်ကြည့်လိုက်ပြီး လျှောက်ဝင်သွားလိုက်သည်။ သူတစ်ယောက်ထဲ လျှောက်ဝင်လာတာတောင်မှ ဇွန်ဘီတစ်ကောင်မှ မတွေ့တာက အတော်လေး ထူးဆန်းနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now