1.2

33.5K 2.9K 105
                                    

Zawgyi

*ဖေးချန်ချီ ကိုအခုကစပြီး ပိုင်မန်ရှောင် လို့ပဲရေးပါတော့မယ်*

ပိုင်မန်ရှောင် ကသူ့လက်ဖဝါးပေါ်တွင်ရှိသော အနီရောင်ကြာပန်းအမှတ်ကို ကြည့်နေသည်။ သူ့အတွေးတွေက အဝေးကိုပျံလွှင့်နေပုံပေါ်နေသည်။

ရှောင်လန် ရဲ့အသံကသူ့ရဲ့အတွေးတွေကို ရပ်တန့်သွားစေသည်။ “အင်ပါယာ အဆင့်မြင့်ကြင်ယာတော်၊ အရှင်မင်းကြီးက ကြင်ယာတော်တွေ အားလုံးကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါတယ်” ရှောင်လန် က ပိုင်မန်ရှောင် ရဲ့ဆံပင်နှင့် အဝတ်တွေကို ပြင်ဆင်ပေးရင်း ဂရုတစိုက် ပြောလိုက်သည်။

ပိုင်မန်ရှောင် ကစိတ်အေးချမ်းတဲ့ ပုံစံနဲ့သာ ခေါင်းငြိတ်ပြလိုက်သည်။ သူ့အတွေးထဲတွင်တော့ လုံးဝကို ခြားနားလေသည်။ သူက သူ့ရဲ့လှည့်စားချက် တစ်ခုလုံးအတွက် အစီစဉ်တွေချပြီးထားပြီ ဖြစ်သည်။ တနည်းဆိုရရင်တော့ သူကဒီခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့တာ နှစ်ပတ်လောက်ပင်ရှိနေပြီ၊ အရာတိုင်းက အတော်လေးကို လွယ်ကူသွားပြီ။

မူလပိုင်ရှင်ရဲ့ အဆင့်မြင့်ရာထူးကြောင့် လူတိုင်းက သူ့ကိုကောင်းမွန်စွာ ဆက်ဆံကြသည်။ ထိုအထဲတွင် ကြင်ယာတော်များလည်းပါဝင်သည်။ ဒါပေမဲ့ ထိုနှစ်ပတ်အတွင်းမှာ သူ့ရဲ့ဗိုက်ကပိုပြီး ကြီးလာကြောင်း သူသတိထားမိသည်။ ပိုင်မန်ရှောင် ကဒီကမ္ဘာရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ဝင်စားစရာတွေကို တွေ့ရှိခဲ့သည်။

အဲ့ဒါက ကြုံတွေ့နေရသည့် သူ့အတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ဒီနေ့မှာ ရှီလျန် ကထပ်မံ ကြံစည်ပြီး ဘုရင်မ နေရာကနေ သူ့ကိုဆွဲချပြီး သူနေရာယူရန်လုပ်ဆောင်လိမ့်မည်။ အခုဖြစ်မဲ့ အကြောင်းအရာတွေကို ရပ်တန့်နိုင်ရန် ပိုင်မန်ရှောင် ကအစီစဉ်ဆွဲခဲ့သည်။

ဘုရင်က သူ့(ရှီလျန်)ကို သတိထားမိဖို့ တနည်းအားဖြင့် သူ့(ရှီလျန်)ရဲ့ လုပ်ဆောင်ချက်တွေကို မအောင်မြင်စေဖို့အတွက် ဖြစ်သည်။ ဇာတ်ကြောင်းက နည်းနည်းလေး ပြောင်းလဲသွားသည်။ မူလပိုင်ရှင် ကသူ့ရဲ့ကိုယ်ဝန် ရှိနေတာကို မသိခဲ့တာကြောင့် ထိုနေ့တွင် ရှီလျန် ကကြင်ယာတော် တစ်ပါးဖြစ်ခဲ့ပြီး ပိုင်မန်ရှောင် ကထိုပွဲကို မတက်ရောက်ခဲ့သည်မှာ သေချာသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now