19...

626 96 5
                                    

Unicode

“ပိုင်ချန်?” ဖေးချန်းချီ ခေါ်လိုက်သည်။ ဒီနေ့တွင် ထိုလူက အံ့ဩဖို့ကောင်းလောက်အောင် အာရုံထွေပြားနေသည်။ သူက နေရာတစ်ခုကိုသာ စိုက်ကြည့်နေခဲ့သည်။ ဖေးချန်းချီ ကသူ့နာမည်ကို ခေါ်နေခဲ့တာ အချိန်ခဏလောက် ရှိနေခဲ့သည်။ ပိုင်ချန် ကလှည့်ကြည့်လာခဲ့သည်။

“မင်း တစ်ခုခု ပြောလိုက်တာလား?”

“မင်းအဆင်ပြေရဲ့လား? မင်း သတိလွတ်နေသလိုပဲ” ဖေးချန်းချီ ကမေးလိုက်သည်။ ထိုလူက ဒီနေ့တွင် တော်တော့်ကို အာရုံလွင့်နေခဲ့သည်။

ဖေးချန်းချီ ကဒီမနက်အကြောင်းကို ပြန်တွေးလိုက်သည်။ ဇူးလုံဝမ် ကအချိန်အနည်းငယ် နေခဲ့တာကြောင့် ဖေးချန်းချီ ကသူ့ဘာသာ ပြန်လာခဲ့သည်။ သူပြန်ရောက်သည်နှင့် ပိုင်ချန် နဲ့တွေ့ခဲ့သည်။ ထိုလူ ရောက်နေမယ်လို့ သူမထင်ထားခဲ့ပေ။

“အို... မှန်တယ်။ တကယ်တော့ ချန်းချီ၊ ငါသွားစရာရှိတယ်” ပို်င်ချန် ကအပြုံးလေးနဲ့ ပြောလိုက်သည်။

“ငါဖြေရှင်းရမဲ့ တချို့အရာတွေ ရှိနေတယ်” ဖေးချန်းချီ ရဲ့မျက်လုံးတွေက နွေးထွေးသွားပြီး ခံစားချက်တွေက တောက်ပသွားသည်။

“အဲ့လိုလား? ဒါဆို မင်းသွားသင့်တယ်။ မင်းကို မဆွဲထားတော့ဘူး။ မင်းမှာ ဖြေရှင်းရမဲ့ ကိုယ်ပိုင်ပြဿနာတွေ ရှိလိမ့်မယ်ဆိုတာ ငါသိပါတယ်” ဖေးချန်းချီ ကနူးညံ့စွာ ပြောလိုက်သည်။ ပိုင်ချန် ကပြုံးလိုက်ရင်း သူ့မျက်နှာက နွေးထွေးနေသည်။ သူ့လက်ကို ဆန့်လိုက်ပြီး ဖေးချန်းချီ ရဲ့ပါးကို ထိလိုက်သည်။

“ငါပြန်လာခဲ့မယ်။ ဘယ်လောက်ကြာမှန်း မသိပေမဲ့ ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်”ဖေးချန်းချီ ကခေါင်းညိတ်လိုက်သည်။

“အင်း” ပိုင်ချန် ကမကြာခင် ပြန်လာလိမ့်မယ်ဆိုတာကို သူသိသည်။ သူတို့ဆက်ဆံရေးက အခုဆိုရင် ပိုနက်ရှိုင်းနေပြီး သူတို့က တခြားဘာမှမလုပ်ပေမဲ့ အခုတော့ ပိုင်ချန် ကအထိအတွေ့တွေတွင် ပိုပွင့်လင်းလာခဲ့သည်။

“ငါပြန်လာခဲ့မယ်။ သေချာပေါက် ပြန်လာခဲ့မယ်။ ဘယ်လောက်ကြာမှန်း သေချာမသိပေမဲ့ ချက်ချင်း ပြန်လာခဲ့မယ်” ထိုလူက ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ထူးဆန်းစွာဖြင့် တောက်ပနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now