3.15

5.8K 857 6
                                    

Zawgyi

ဗစ်တာ က မာ့ခ် နဲ့အတူ အပြင်မှာ ရပ်ပြီး စောင့်နေသည်။ အခန်းအတွင်းထဲမှာတော့ ဝဲလ် က နိုင်း ကိုစကားပြောနေသည်။ သူ့အစီစဉ်ကနေ ဝဲလ် ကိုအောင်အောင်မြင်မြင် သဘောတူမှု ရရှိခဲ့ပြီး နိုင်း ရဲ့ ထောက်ခံမှုသာ လိုအပ်တော့သည်။ ဗစ်တာ ကပြုံးလိုက်ပြီး မာ့ခ် ကိုတောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

“မင်းသားနိုင်း နဲ့ မင်းရဲ့ အချိန်ကုန်ဆုံးမှုက ဘယ်လိုအခြေအနေရှိလဲ?” မာ့ခ် က ဗစ်တာ ကိုပြန်ကြည့်လိုက်ပြီး တောင့်တောင့်ကြီးနဲ့ ပြန်ဖြေလိုက်သည်။

“ကောင်းပါတယ်၊ မင်းကော မင်းသားဝဲလ် နဲ့ ဘယ်လိုလဲ?” ထိုမေးခွန်းကြောင့် ဗစ်တာ ရယ်လိုက်ကာ ပြောလိုက်သည်။

“ငါ့ဖုံးကွယ်မှုက လှလှပပနဲ့ မြန်မြန်ဆန်ဆန် ဖော်ထုတ်ခံလိုက်ရတယ်၊ ငါ မင်းသားဝဲလ် ကိုတော်တော် လျော့တွက်ခဲ့မိတယ်။ ငါတို့ ဖုံးကွယ်ထားတာတွေ သိသွားရင်တောင် ကြောက်လန့်ဖို့ မလိုပါဘူး၊ ဝဲလ် ကငါတို့ဘက်မှာ ရှိတဲ့ပုံပဲ၊ ဒီကိစ္စရဲ့ အကောင်းဆုံး ရလဒ်မှာ မင်းသားနိုင်း သဘောတူရင် အကောင်းဆုံးဖြစ်လိမ့်မယ်” မာ့ခ် ရဲ့ မျက်လုံးတွေက ဗစ်တာ ပေါ်တွင်သာ အချိန်အတော်ကြာ ရှိနေသည်။

“အဲ့ဒါ မှန်တယ်” မင်းသားဝဲလ် ကိုဖိတ်ခေါ်ပြီး ကြင်ယာတော်လန်နီ ရဲ့ရဲတိုက်ကို အလည်သွားလိုက်သည်။ နိုင်း နဲ့စကားပြောပြီးနောက် နောက်ဆုံးတွင် သူ့ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ အခုတော့ သူတို့ရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ကြင်ယာတော်လန်နီကို သူတို့ဘက်ကို ရအောင်လုပ်ဖို့ ဖြစ်သည်။

အစောင့်တွေက သူတို့ကို ညွှန်ပြတာကြောင့် ဥယျာဉ်ကို ရောက်လာခဲ့သည်။ ဥယျာဉ်ထဲတွင် နူးညံ့သိမ်မွေ့တဲ့ အမျိုးသားတစ်ယောက်က ထိုင်နေသည်။

“မင်းသားဝဲလ်” ကြင်ယာတော်လန်နီ ကသူတို့ဘက်ကိုလှည့်ပြီး သူက ပြောလိုက်ရင်း သူ့မျက်နှာတွင် အပြုံးလေးတစ်ခုက ပေါ်လာသည်။ ကြင်ယာတော်လန်နီ ရဲ့အပြုအမူကို ဗစ်တာ မအံ့ဩပေ၊ တကယ်တော့ သူ့အပြုအမူတွေက နိုင်း နဲ့တူတယ်လို့ Y နိုင်ငံမှာ လူသိများတာကြောင့် ဖြစ်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now